spot_img
13.2 C
Loikaw
Wednesday 21, January 2026
spot_img
Homeသတင်းနှစ်ဆန်း ၁ ရက်နေ့ ငွေတောင်ဆည်အတွင်း ငါးကောင်ရေ ၁ သိန်းကျော် လွှတ်

နှစ်ဆန်း ၁ ရက်နေ့ ငွေတောင်ဆည်အတွင်း ငါးကောင်ရေ ၁ သိန်းကျော် လွှတ်

-

မူအက်စတာ

ကယားပြည်နယ် အစိုးရအဖွဲ့မှ ကြီးမှူးပြီး ၂၀၁၈ ခုနှစ် မြန်မာသက္ကရာဇ် ၁၃၈၀၊ နှစ်ဆန်း ၁ရက်နေ့တွင် ငွေတောင်ဆည်တွင် ဇီဝိတဒါန ငါးလွှတ်ပွဲကျင်းပခဲ့သည်။

ဇီဝိတဒါန ငါးလွှတ်ပွဲတွင် ရွှေဝါငါးကြင်း ၇၅၀၀ဝ ကောင်၊ မြက်စားငါးကြင်း ၁၅၀၀ဝ ကောင်၊ ငါးမြစ်ချင်း ၁၅၀၀ဝ ကောင်၊ ငါးခုံးမကြီး ၁၅၀၀ဝ ကောင် စုစုပေါင်း ၁၂၀၀၀ဝ ကောင်ကို ငွေတောင်ဆည်အတွင်း လွှတ်ပေးလို်က်သည်။

“ဒီနှစ်ကူး အခါသမယမှာ တိုင်းရင်းသားညီအစ်ကို မောင်နှမများ အားလုံးက ကျွန်တော်တို့တင်မြောက်ထားတဲ့ ပြည်သူ့အစိုးရနဲ့ အတူတကွလက်တွဲ ပူးပေါင်းဆောင်ရွက်ပြီး အေးအတူပူအမျှ ပြုပြင်ပြောင်းလဲရေးကို မိမိတတ်နိုင်တဲ့ ကဏ္ဍကနေ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ ပြောကြားလိုပါတယ်”ဟု ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ပြောကြားသည်။

ငါးလွှတ်ပွဲကို ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်လွှတ်တော်ဥက္ကဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသား/သူများနဲ့ ဒေသခံများ တက်ရောက်သည်။

ငါးလွှတ်ခြင်းရဲ့ အကျိုးကျေးဇူးကြောင့် အသက်ရှည် အနာမဲ့ အသက်ဘေးမှ လွှတ်မြောက်ခြင်း၊ ပယောဂကြောင့် အသက်ဆုံးရှုံးမှုကင်းခြင်း၊ ငတ်မွတ်ခေါင်းပါးခြင်း၊ အချင်းချင်းသတ်ဖြတ်ခြင်း၊ အနာရောဂါ ဘေးဆိုးအန္တရာယ်တို့မှ လွှတ်မြောက်ကြောင်း ယုံကြည်ကြသည်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ