spot_img
Homeသတင်းထားလဲ စစ်ဘေးရှောင်တစ်ခုက ကလေးငယ်တွေ ရေပြားယားနာ အဖြစ်များနေ

ထားလဲ စစ်ဘေးရှောင်တစ်ခုက ကလေးငယ်တွေ ရေပြားယားနာ အဖြစ်များနေ

-

ကန္တာရဝတီတိုင်း (မ်)

ကရင်နီပြည်ရှိ ဖရူဆိုမြို့နယ်ထဲက ထားလဲ စစ်ဘေးရှောင်စခန်းတခုမှာ စစ်ရှောင်ကလေးငယ်တွေ အရေပြားယားနာမှုတွေ အဖြစ်များနေပါတယ်။

“အစက အဖုသေးသေးလေးတွေပဲထွက်တယ်။ တကိုယ်လုံးထွက်တယ်။ ညစ်ပြီး အရည်တွေထွက်တော့ ပွါးပွါးလာတယ်” လို့ အရေးပြားယားနာ ဖြစ်နေတဲ့ ကလေးမိဘတစ်ဦးက ပြောပါတယ်။

အဆိုပါစစ်ဘေးရှောက်စခန်းမှာ ဆေးခန်းမရှိတဲ့အပြင် အနီးဆုံးဆေးခန်းကို သွားဖို့ အချိန် ၂နာရီကြာတယ်လို့ လည်း ဒေသခံတွေကပြောပါတယ်။ ဆေးခန်းမှာလည်း ယားနာအတွက်ဆေးဝါးတွေမလုံလောက်ဘူးလို့ဆိုပါတယ်။ စစ်ရှောင်စခန်းအထိ လာရောက်ကုသပေးတဲ့ ကျန်းမာရေးဝန်ထမ်းတွေရှိပေမဲ့ ၃လ၁ကြိမ်လောက်ဖြစ်နေတာကြောင့် အခက်ကြုံနေကြပါတယ်။

အဆိုပါ အရေပြားယားနာမှုတွေ ဖြစ်ပွားတာ တစ်လနီးပါး ကြာမြင့်နေပြီဖြစ်ပြီး သက်သာ ပျောက်ကင်းတာမရှိဘူးလို့လည်း ပြောပါတယ်။

စစ်ရှောင်စခန်းထဲက လူကြီး၊ကလေး အကုန်နီးပါး ယားနာတွေဖြစ်ကြပြီး တစ်နှစ်ဝန်းကျင်ကလေးငယ် ကနေစပြီး အသက် ၁၄ ကလေးတွေမှာ အဖြစ်များတယ်လို့သိရပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ