KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ( ၇ ) ရက်၊ (ဗုဒ္ဓဟူးနေ့)
-အာဏာသိမ်းစစ်တပ်က တလအတွင်း ဒရုန်းတိုက်ခိုက်မှု ၁၇ ကြိမ် ပြုလုပ်
– မော်ချီးဒေသမှာ ခဲဈေးကျပြီး ကုန်ဈေးနှုန်းမြင့်တက်နေတာကြောင့် ခဲလုပ်ငန်းလုပ်ကိုင်သူတွေ အခက်တွေ့ စတဲ့သတင်းတွေနဲ့အတူ “ကျောင်းသားတွေမှာလည်း ပညာရေးတစ်ခုကို အသိမှတ်ပြုနိုင်တဲ့ အာဏာရှိတယ်” ဆိုတဲ့အကြောင်းကို တင်ဆက်ပေးသွားပါမယ်။ ဒါ့အပြင် မိုးလေဝသသတင်းတွေနဲ့ အတူ သုတအဖြာဖြာအစီအစဉ်ကနေ “အယ်လ်နီညို၏ သက်ရောက်မှုများနှင့် ကြိုတင်ပြင်ဆင်သင့်သည့် အချက်များ” ဆိုတဲ့အကြောင်း ဆက်လက်တင်ဆက်ပေးဖို့ရှိပါတယ်။
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ည ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ FM ရေဒီယိုလိုင်း 108 mhz တို့နဲ့ ထုတ်လွှင့်ပေးနေပါတယ်။