KT-FM ကရင်နီဘာသာ အစီအစဉ် ဩဂုတ်လ ( ၁၉ ) ရက်၊ ၂၀၂၆ ခုနှစ် (ဗုဒ္ဓဟူးနေ့)
ဒီကနေ့ ထုတ်လွင့်မယ့် သတင်းအကြောင်းအရာတွေကတော့
– ဟွေပူလောင်းစစ်ရှောင်စခန်းမှာ ကယားရိုးရာ အဲဒိုပေါ်မီ (ခေါ်) ဒီးကူပွဲကို ၃ ရက်ကြာ ကျင်းပ
– IECက ထောက်ပံ့ထားတဲ့ အသေးစားစီးပွားရေးလုပ်ငန်း ကောင်းမွန်စွာ လည်ပတ်နေတယ်လို့ဆို
– ရွာငံမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်တပ်က ၃ ရက် အတွင်း အပြီးပြောင်းရွှေ့ခိုင်း
– ကရင်နီကို ပြည်တွင်းထွက် ချက်ဆီများရောနှောထားတဲ့ ဓာတ်ဆီများဝင်ရောက်လာ ဆိုတဲ့ သတင်းနဲ့အတူ “ပညာ၏ မျှော်လင့်ချက်များ ရှင်သန်ရာ “ကယားလီဖု သင်ယူလေ့လာရေးဆုံရပ်”” ဆိုတဲ့ ဆောင်းပါးနဲ့ မိုးလေဝသ သတင်း၊ ကယန်းဘာသာနှင့် ကယောဘာသာ စီအစဉ်နဲ့နောက်ဆုံးရ သတင်းများကို ဆက်လက်တင်ပြ ပေးသွားမှာ ဖြစ်ပါတယ်။
KT-FM ကရင်နီဘာသာအစီအစဉ်ကို မနက် ၇း၀၀ မှ ၈းဝဝ ထိ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေပါတယ်





