KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ( ၂၄ ) ရက်၊ (တနင်္လာနေ့)
– ဖရူဆိုရှေ့တန်းတစ်နေရာမှာ IEC ကယ်ဆယ်ရေးဝန်ထမ်းတစ်ဦးကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့သတင်း၊
– အာဏာသိမ်းစစ်တပ်ရဲ့ ဒရုန်းဗုံးကြောင့် မြေပဲစိုက်နေတဲ့ အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာရခဲ့တဲ့အကြောင်းနဲ့
– ဒီးမော့ဆိုအနောက်ခြမ်းမှာ ကျောင်းသား၊ကျောင်းသူတွေ ဦးဆောင်တဲ့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲ ပြုလုပ်ခဲ့တဲ့အကြောင်း
– တော်လှန်ရေးနယ်မြေတွေမှာ စစ်တပ်ထုတ်ကုန် ရောင်းချခွင့်တားမြစ်ကြောင်း လက်ကမ်းစာစောင်ဖြန့်ဝေ
စတဲ့သတင်းတွေနဲ့ ဒေသတွင်းသတင်းတွေကို နားဆင်ကြရမှာပါ။ အဲဒီနောက် နေ့စဉ်မိုးလေဝသ အခြေအနေတွေနဲ့အတူ “ကုန်ဈေးနှုန်းသတင်း” နဲ့ “အမျိုးသမီး အစီအစဉ်”ကိုလည်း KTFM ကနေ ထုတ်လွှင့်တင်ဆက်ပေးပါမယ်ရှင့်.
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ည ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်





