spot_img
Homeသတင်းဒေါ်အောင်ဆန်းစုကြည်အပေါ် အလွန်သက်ညှာခဲ့ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် သမ္မတမင်းအောင်လှိုင်ပြော

ဒေါ်အောင်ဆန်းစုကြည်အပေါ် အလွန်သက်ညှာခဲ့ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် သမ္မတမင်းအောင်လှိုင်ပြော

-

ကန္တာရဝတီတိုင်း ( မ် )

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် အလွန်သက်ညှာပေးခဲ့တယ်လို့ လက်ရှိသမ္မတအဖြစ် တာဝန်ယူထားတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က စက်တင်ဘာ ၂၃ ရက်မှာ ထွက်ရှိတဲ့ အမေရိကန်အခြေစိုက် TIME မဂ္ဂဇင်းနဲ့ သီးသန့်အင်တာဗျူးမှာ ပြောဆိုပါတယ်။

“ကျနော် သူမအပေါ်မှာ အလွန်သက်ညှာပေးခဲ့ပါတယ်။ ဒီအခြေအနေအထိ မရောက်အောင် ကျနော်တို့ ကြိုးစားနိုင်သမျှ အစွမ်းကုန် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်” လို့ မင်းအောင်လှိုင်က ပြောပါတယ်။

ဓာတ်ပုံ- Jes Aznar/ TIME

မင်းအောင်လှိုင်က သူ့အာဏာကို စိန်ခေါ်နေတဲ့ ပြင်းထန်တဲ့ ပြည်တွင်းစစ် ဖြစ်ပွားနေချိန်မှာ ဒေါ်အောင်ဆန်းစုကြည် ထိန်းသိမ်းခံထားရမှုနဲ့ ပတ်သက်ပြီး လျှော့ပေါ့ပေးနိုင်မယ့် အလားအလာကို နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ပြန်လည်ထိတွေ့ဆက်ဆံနိုင်ရေးအတွက် အသုံးချလာနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ထားပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ခံထားရတဲ့ အစိုးရကို မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်က ၂၀၂၁ ခုနှစ်မှာ ဖြုတ်ချပြီး အာဏာသိမ်းခဲ့ပါတယ်။

လွတ်လပ်ရေးရပြီးချိန်ကစလို့ မြန်မာနိုင်ငံကို သမိုင်းတစ်လျှောက် အုပ်ချုပ်လာခဲ့တဲ့ စစ်တပ်လက်ထဲ အာဏာပြန်လည်ရောက်ရှိနိုင်ဖို့အတွက် လုပ်ကြံဖန်တီးထားတဲ့ စွပ်စွဲချက်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောဆိုထားကြောင်း The Straits Times က ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်အစိုးရအဖွဲ့က ထိုင်းနိုင်ငံကို နိုင်ငံတကာခရီးစဉ်အဖြစ် မသွားရောက်မီ ရက်ပိုင်းအလိုမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Arnaud de Baecque တို့ တွေ့ဆုံနေတဲ့ ဓာတ်ပုံကိုလည်း စစ်အစိုးရက ထုတ်ပြန်ခဲ့ပါသေးတယ်။

 

ကိုးကား – The Straits Times

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ