spot_img
Homeသတင်းမိုးဗြဲမြို့အနောက်ခြမ်းတနေရာကို အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်

မိုးဗြဲမြို့အနောက်ခြမ်းတနေရာကို အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်

-

ကန္တာရဝတီတိုင်း ( မ် )

ရှမ်း-ကရင်နီနယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်းတနေရာကို ယမန်နေ့ အောက်တိုဘာ ၁၃ ရက်၊ ည ၁၁ နာရီဝန်းကျင်မှာ အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ စစ်ဘေးရှောင်အမျိုးသမီးတဦးက ပြောပါတယ်။

“ည ၁၁ နာရီ ၅ မိနစ်မှာ။ လူထိခိုက်တာတော့ မရှိဘူး။ ကျမတို့နဲ့ မဝေးဘူး၊ နီးတယ်။ ၇ လုံးကြဲတယ်။ ပေါင် ၅၀၀ တလုံးလည်းပါတယ်” လို့ အဆိုပါ စစ်ဘေးရှောင်အမျိုးသမီးက ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း လူထိခိုက်မှုမရှိခဲ့ပေမယ့် လုံခြုံရေးအတွက် စိုးရိမ်ထိတ်လန့်နေရတယ်လို့ သူက ဆိုပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် လုံခြုံရေးစိုးရိမ်ပြီး တခြားနေရာတွေကို ရွှေ့ပြောင်းနေထိုင်သူတွေရှိသလို တိမ်းရှောင်ဖို့ အခက်အခဲရှိတဲ့ စစ်ဘေးရှောင်တွေလည်း ရှိနေတယ်လို့ သိရပါတယ်။

“စိုးရိမ်ကြပါတယ်။ ဒါပေမဲ့ ဘယ်ပြေးပြေး အတူတူပဲဆိုပြီး မရှောင်ချင်တော့ဘူး။ ရေရှားမယ့်အချိန်လည်း ရောက်တော့ မလွယ်ဘူး ရှောင်ရမှာ” လို့ အဆိုပါ စစ်ဘေးရှောင်အမျိုးသမီးက ဆက်ပြောပါတယ်။

လတ်တလော မိုးဗြဲမြို့အနောက်ဘက်ခြမ်းမှာ တော်လှန်ရေးတပ်ဖွဲ့နဲ့ အာဏာသိမ်းစစ်တပ်တို့ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး အာဏာသိမ်းစစ်တပ်က လေယာဉ်၊ ဒရုန်းနဲ့ လက်နက်ကြီးတွေ အသုံးပြုပြီး ပစ်ခတ်တိုက်ခိုက်နေတာကြောင့် ပြည်သူတွေအနေနဲ့ သတိရှိရှိ နေထိုင်ကြဖို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MB PDF) က အသိပေးထားပါတယ်။

 

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ