spot_img
Homeသတင်းဒီးမော့ဆိုအနောက်ခြမ်းမှာ မင်္ဂလာဆောင်ပွဲအတွက် ပြင်ဆင်နေချိန် အသေခံဒရုန်းနဲ့တိုက်ခိုက်ခံရမှုကြောင့် အမျိုးသားတဦး သေဆုံး

ဒီးမော့ဆိုအနောက်ခြမ်းမှာ မင်္ဂလာဆောင်ပွဲအတွက် ပြင်ဆင်နေချိန် အသေခံဒရုန်းနဲ့တိုက်ခိုက်ခံရမှုကြောင့် အမျိုးသားတဦး သေဆုံး

-


ကန္တာရ၀တီတိုင်း (မ်)

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းတနေရာမှာ မင်္ဂလာဆောင်ပွဲအတွက် ပြင်ဆင်နေချိန် အာဏာသိမ်းစစ်တပ်က အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် အမျိုးသားတဦး ထိမှန်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဓါတ်ပုံ – ပေးပို့



ယမန့်နေ့ နိုဝင်ဘာလ ၂၀ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်မှာ မင်္ဂလာဆောင်ပွဲအတွက် ပြင်ဆင်နေကြတဲ့နေရာကို အသေခံဒရုန်း ၃ စီးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ တိုက်ခိုက်မှုဖြစ်စဉ်အနီးမှာရှိတဲ့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

“ကျမနဲ့ မနီးမဝေးမှာပဲ။ မင်္ဂလာဆောင်ပွဲမှာကြဲတာ” လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကြောင့် အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အသက် ၂၀ ကျော်အရွယ် အမျိုးသားတဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိသူတွေရဲ့ အခြေအနေ၊ ဒရုန်းကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားနေအိမ်နဲ့ အခြားထိခိုက်ပျက်စီးမှုကို ကန္တာရ၀တီတိုင်း(မ်)အနေနဲ့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

အာဏာသိမ်းစစ်တပ်က ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းက ဘုရားကျောင်း၊ စာသင်ကျောင်း ၊ လူထုနေထိုင်တဲ့အရပ်တွေကို အသေခံဒရုန်းနဲ့တိုက်ခိုက်မှုတွေ ယခုရက်ပိုင်းအတွင်း ခပ်စိပ်စိပ်လုပ်ဆောင်လာတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ