spot_img
HomeKT FMKT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ( ၁၉ ) ရက်၊  (ကြာသပတေးနေ့)

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ( ၁၉ ) ရက်၊  (ကြာသပတေးနေ့)

-

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ( ၁၉ ) ရက်၊  (ကြာသပတေးနေ့)
– ဒီးမော့ဆိုမှာ ကြက်သွန်နီတပိဿာ ကျပ် ၂၀,၀၀၀ အထိ မြင့်တက်
– ဒီးမော့ဆိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ် နှစ်ရက်ဆက်တိုက် အသေခံဒရုန်းနဲ့ တိုက်ခိုက်၊ ကျောင်းသူတဦး ဒဏ်ရာရ
– လွိုင်နန်းဖဆည်မြောင်းတလျှောက် စစ်ဘေးရှောင်နဲ့ ကျေးရွာခံတွေ စုပေါင်းပြီး  ရှင်းလင်းရေး ပြုလုပ်
– IEC အမျိုးသမီးနဲ့ကလေးသူငယ်ရေးရာဌာနက 16 Days of Activism အွန်လိုင်းရုပ်သံ ပြိုင်ပွဲပြုလုပ်
– မဲလ်ဘုန်းမြို့မှာ ဗုံးဒဏ်ကြောင့် သေဆုံးခဲ့ရသူတွေအတွက် ဆုတောင်းပွဲနဲ့ Free Her ကမ်ပိန်း ပူးတွဲပြုလုပ်
စတဲ့ ကန္တာရဝတီတိုင်း(မ်)ရဲ့ နောက်ဆုံးရသတင်းတွေနဲ့အတူ မိုးလေဝသသတင်းကို နားဆင်ကြရမှာပါ။ ဒါ့အပြင် အပတ်စဉ် ကြာသပတေးနေ့တိုင်း တင်ဆက်ပေးနေတဲ့ “အင်တာဗျူးအစီအစဉ်”မှာတော့ IEC ကနေ အသေးစားစီးပွားရေးလုပ်ငန်း လုပ်ကိုင်လိုသူတွေအတွက် လုပ်ငန်းပေါင်း ၅၀ ကို မတည်ငွေထောက်ပံ့ပေးမယ့် အစီအစဉ်အကြောင်း တွေ့ဆုံမေးမြန်းထားတာကိုလည်း ဆက်လက်နားဆင်ကြရမှာ ဖြစ်ပါတယ်။

KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ည ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်း-ကရင်နီ နယ်စပ်မှာ  FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်း ဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ  FM ရေဒီယိုလိုင်း 108 mhz တို့နဲ့ ထုတ်လွှင့်ပေးနေပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ