spot_imgspot_imgspot_imgspot_img
Thursday, July 25, 2024
spot_imgspot_imgspot_imgspot_img
- Advertisement -spot_img

AUTHOR NAME

Kantarawaddy Times

7710 POSTS
0 COMMENTS

ဂျဲန်ဒါနဲ့ ရိုးရာအစဉ်အလာ

ဂျဲန်ဒါ(Gender) ဆိုတဲ့ အသုံးအနှုန်းဟာ မြန်မာနိုင်ငံက လူမှုအသိုင်းအဝန်းတွေမှာ ကျယ်ကျယ် ပြန့်ပြန့် သုံးစွဲလာပါပြီ။ ဒါပေမဲ့ ဂျဲန်ဒါဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကို သဲသဲကွဲကွဲ မသိကြပါဘူး။ ဂျဲန်ဒါဆိုတာ ကျား၊မဆိုင်ရာ လူမှု ပုံစံသွင်းခြင်းပဲလို့ ဂျဲန်ဒါလေ့လာတဲ့ ပညာရှင်တွေက ပြောကြပါတယ်။   ဂျဲန်ဒါထဲက အဓိက အချက်တွေက...

စနစ်ပြောင်း စည်ပင်မြို့ဝင်ဘီးခွန် ၂ ပတ်အတွင်း ကျပ် ၂၅ သိန်းကျော် ကောက်ခံရရှိ

စိုင်းလင်းလင်းဦး။       ။   စနစ်ပြောင်းလဲ ကောက်ခံလိုက်သော မြို့ဝင်ဘီးခွန်ကြေး ရက်သတ္တပတ် ၂ ပတ်အတွင်း အခွန်ငွေ ကျပ် ၂၅ သိန်းကျော်အထိ ကောက်ခံရရှိခဲ့ကြောင်း ကယားပြည်နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။ ယမန်နှစ်က အသုံးပြုခဲ့သော အဆိုပါ ဘီးခွန်စနစ်အား ယခု ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်မှစတင်၍ ပြောင်းလဲကျင့်သုံးလိုက်သော စနစ်ဖြင့် ကောက်ခံနေခြင်းဖြစ်သည်။ ဧပြီလ...

ဘိန်းခင်းတွေ ဘာကြောင့် စိုက်ပျိုးနေရတာလဲ

မူအက်စတာ ရေးသားသည်။ သီးနှံဈေးကွက် အာမခံချက်မရှိနိုင်သေးသရွေ့ ဘိန်းခင်းတွေရှိနေအုန်းမှာပါ။ ကယားပြည်နယ်အတွင်းမှာရှိတဲ့ ပြည်နယ်အစွန်အဖျားရွာလေးတွေမှာ မူးယစ်ဆေးဝါးပင်တွေ စိုက်ပျိုးထားရှိပါတယ်။ ၎င်းတို့တွေက နေ့စဉ်မိသားစုစားဝတ်နေရေးအတွက် စိုက်ပျိုးထားရှိရခြင်း ဖြစ်ပါတယ်။ ပြည်နယ်အစွန်အဖျားရွာလေးတွေကတော့ ကယား(ကရင်နီ)ပြည်နယ်နဲ့ နီးစပ်တဲ့ ကရင်ပြည်နယ်အစွန်အဖျား၊ ရှမ်းပြည်နယ်အစွန်အဖျားရွာလေးတွေမှာ စိုက်ပျိုးထားရှိထားပါတယ်။ ကယားပြည်နယ်တွင်းမှာရှိတဲ့ ကျေးရွာလေးတွေမှာ ဘိန်းမျိုးစေ့ရောက်ရှိလာတာဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂ဝ လောက်ကတည်းက ရောက်ရှိလာတယ်လို့ သိရပါတယ်။ ဒါပေမယ့် ဘယ်ကနေလာပြီး...

က.လ.လ.တ ဘာကြောင့် ဖွဲ့စည်းခဲ့လဲ

ထျိုးမြာ။       ။   ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး(က.လ.လ.တ)အဖွဲ့ဟာ ယခင်ကကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) အဖွဲ့ဝင်မှာရှိစဉ်အခါက အဖွဲ့ရဲ့လက်နက်အင်အားမလုံလောက်ခဲ့တဲ့အတွက် လက်နက်စုဆောင်းဖို့ ပန်ဆန်းကို စတင်သွားရောက်ပြီးအပြန် မိခင်အဖွဲ့အစည်းဖြစ်တဲ့ KNPP နဲ့ အပြန်အလှန်နားလည်မှု လွှဲမှားရာကနေ စတင်ခွဲထွက်ခဲ့ကြတာဖြစ်တယ်လို့ ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး(က.လ.လ.တ) မှဒုတိယ ဥက္ကဌ-၂ ဦးထူးကော်က ပြောကြားသွားပါတယ်။   က.လ.လ.တ အကြောင်းနဲ့ပတ်သက်ပြီး “ကိုယ်ပိုင်အုပ်ချုပ်တဲ့ကိစ္စတွေ လူငယ်လက်ထဲမှာပြောဖို့ကာကွယ်ထားတယ်” လို့ထပ်မံပြောကြားသွားတဲ့ ဦးထူးကော်နဲ့...

ဇနီးအား ကိုယ်ထိလက်ရောက်နှိပ်စက်သူ တရားစွဲဆိုခံရ

စူးမယ်။       ။ ဒီးမော့ဆိုမြို့နယ် ဒေါဘူးကူးအုပ်စု ဒေါပေါ်ကလဲကျေးရွာတွင် အရက်သေစား သောက်စားမူးယစ်ပြီး မိမိ၏ သားမယားအပေါ် ကိုယ်ထိလက်ရောက် နည်းမျိုးစုံဖြင့် အကြိမ်ကြိမ် နှိပ်စက်မှု တစ်ရပ်ဖြစ်ပွားခဲ့ကြောင်း ဒီးမော့ဆိုမြို့မ ရဲစခန်းမှ သိရသည်။ ဒေါဘူးကူး ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးမှ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ တင်ပြခဲ့ရာမှ ရဲစခန်းသို့ အမှုဖွင့်...

မူးယစ်ဆေးဝါးနှင့်အတူ လက်နက်ဖမ်းမိ

စူးမယ် - ဒီးမော့ဆိုမြို့နယ်တွင် မူးယစ်ဆေးဝါးနှင့်အတူ လက်နက်များ ဖမ်းမိ ဒီးမော့ဆိုမြို့နယ် နမ့်မယ်ခုံအုပ်စု၊ ဒေါခူကယားရွာ တွင် မူးယစ်ဆေးဝါးသတင်းအရ မူးယစ်တပ်ဖွဲ့မှ သွားရောက်ဖမ်းဆီးရာ မူးယစ်ဆေးဝါးနှင့်အတူ လက်နက်များ ဖမ်းဆီးရမိခဲ့သည်။ မူးယစ်ဆေးဝါးသတင်းအရ မူးယစ်တပ်ဖွဲ့စု ၂ဝ မှ ဒေါခူကယားရွာရှိ လျားရယ်နေအိမ်သို့ နေအိမ်အပေါ်ထပ် ဘုရားခန်းတွင် အိမ်ရှင် လျားရယ်၊...

ကယားဒေးကွင်းအနီးမှာ စေတီဘာကြောင့်တည်

ကန္တာရဝတီတိုင်း(မ်)   ပြည်နယ်အစိုးရဦးဆောင်ပြီး ကယားပြည်နယ်နေ့ပွဲတော်ကျင်းပသည့် ပွဲတော်ကွင်းအနီးတွင် တည်ဆောက်မည့် စေတီအပေါ် လူမှုကွန်ယက်ရှိ ကယား(ကရင်နီ) လူမှုအသိုင်းအဝန်းများက ကန့်ကွက်ဆွေးနွေးလျက်ရှိသည်ကို တွေ့မြင်နေရသည်။ ထို့အပြင် အများပိုင်မြေနေရာ၌ အသုံးပြုခြင်းကိုလည်း လက်မခံနိုင်ဟု  ဒေသခံလူငယ်အများစုက ဝေဖန်နေကြသည်။ ၎င်းဝေဖန်လျက်ရှိသူလူငယ်များထဲမှ ကရင်နီပြည်  တောင်သူလယ်သမား သမ္မဂမှ ကိုအန်ထော်နီတူရယ်က “ဖြစ်နိုင်ရင်တော့ ဘာသာရေးနဲ့ နိုင်ငံရေးကို ရောယှတ်ပြီးတော့ ပဋိပက္ခကို...

အိမ်ပြန်ဖို့ အလှမ်းဝေးနေဆဲပါ

စိုင်းလင်းလင်းဦး   အကျအနဆောက်လုပ်ထားတဲ့ အိမ်ခြေ ၅ဝ ရှိရွာတစ်ရွာဟာ သုသာန်တစ်ခုအလား ငြိမ်သက်နေပါတယ်။ အံဩစရာကောင်းနိုင်ပေမယ့် ဒီနေရာဟာ လူနေထိုင်ဖို့အတွက်ပဲ ရည်ရွယ်ချက်ရှိရှိဆောက်လုပ်ခဲ့တာပါ။ ပျဉ်ကာ သွပ်မိုးနဲ့ အိမ်သာတွေပါဝင်တဲ့ အိမ်စုလေးဟာ စစ်ရှောင်ဒုက္ခသည်တွေအတွက် အစိုးရ ကေအဲန်ပီပီတို့ရဲ့ ပြည်ထောင်စုအဆင့်အပစ်ရပ်ဆိုင်ရာ သဘောတူညီချက်ပါ အချက်အရ စံပြကျေးရွာ နေရာတစ်ခုအဖြစ် အစိုးရက ဖေါ်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။ ယခုအခါမှာတော့ ဒီနေရာကို...

ဉာဏ်ရည်ဖွံ့ဖြိုးမှု အားနည်းနေသူကို တစ်ရွာတည်းနေ အမျိုးသားများက အဓမ္မပြုကျင့်

စူးမယ် ဉာဏ်ရည်ဖွံ့ဖြိုးမှု အားနည်းနေသူကို တစ်ရွာတည်းနေ အမျိုးသားမှ အတင်းအဓမ္မပြုကျင့်ခြင်း ခံရကြောင်း အမှုဖွင့် တိုင်တန်းမှု ဒီးမော့ဆိုမြို့နယ် ဝါသောခူကျေးရွာအုပ်စု ထေးပအားခူရွာတွင် ဖြစ်ပွားခဲ့သည်။ ထေးပအားခူရွာနေ အသက် ၂၁ နှစ်ရှိသူ ဉာဏ်ရည် ဖွံ့ဖြိုးမှု အားနည်းချက်ရှိသည့် အမျိုးသမီးဖြစ်သူအား အခွင့်ကောင်းယူကာ အတင်းအဓမ္မပြုကျင့်ကြောင်း ဒီးမော့ဆိုမြို့မ ရဲစခန်းတွင် အမှုဖွင့်...

ဒေသထွက်လက်မှုပစ္စည်းများဖန်တီးပြုလုပ်မှု ပြိုင်ပွဲကျင်းပ

ရိုးရာလက်မှုပစ္စည်းများ ဖန်တီးပြုလုပ်ပြီး ဒေသထွက်လက်မှုပစ္စည်းများ ထုတ်ဖေါ်ပြသခွင့်ရရှိနိုင်မည့် ကယားပြည်နယ်လက်မှုလုပ်ငန်းပြိုင်ပွဲကို ကျင်းပနေကြောင်း သိရသည်။   သဘာဝထွက်ပစ္စည်းနှင့် စွန့်ပစ်ပစ္စည်းများကို အသုံးပြုကာ မိမိတို့၏ ကိုယ်ပိုင်ဟန်လက္ခဏာများဖြင့် အရည်အသွေးကောင်းမွန်သော လက်မှုပစ္စည်းများ ထုတ်လုပ်မှုမြှင့်တက်လာစေရန် ရည်ရွယ်ခြင်းဖြစ်သည်။ ခရီးသွားလုပ်ငန်းနှင့် ဆက်နွယ်ပြီး လက်မှုပစ္စည်းများ ထုတ်လုပ်ရောင်းချနိုင်ရေးအတွက် ဒေသထွက်လက်မှုလုပ်ငန်းရှင်များမှ ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေဝန်ကြီးဌာန ကယားပြည်နယ်စားသုံးသူရေးရာဦးစီးဌာနက...

Latest news

- Advertisement -spot_img