KT-FM ကရင်နီဘာသာ အစီအစဉ် ဩဂုတ်လ ( ၄ ) ရက်၊ ၂၀၂၆ ခုနှစ်(အင်္ဂါနေ့)
ဒီကနေ့ ထုတ်လွင့်မယ့် သတင်းအကြောင်းအရာတွေကတော့
– ဖရူဆိုအနောက်ခြမ်းမှာ ကြက်ဥ တစ်လုံး ၂၀၀၀ ကျပ်ပေးဝယ်ရ
– ကရင်နီပြည်မှာ စစ်အုပ်စုတိုက်ခိုက်မှုကြောင့် တလအတွင်း အမျိုးသမီးတဦးအပါဝင် သုံးဦး သေဆုံးခဲ့
– ဒေါ်အောင်ဆန်းစုကြည်နဲ့ ICRC တာဝန်ရှိသူ တွေ့ဆုံခဲ့ကြောင်း စစ်အစိုးရထုတ်ပြန်
– ပူတာအိုမှာ ခရမ်းချဉ်သီး တစ်လုံး ကျပ် ၁,၀၀၀ အထိဈေးတက် ဆိုတဲ့သတင်းနဲ့အတူ “ဖရူဆိုတောင်တန်းပေါ်က ကော်ဖီစိုက်ပျိုးသူများ” ဆိုတဲ့ ဆောင်းပါးနဲ့ မိုးလေဝသ သတင်း၊ နန်းမယ်ခုံမြို့နယ်မှာ ရောင်းချပေးနေတဲ့ ကုန်ဈေးနှုန်းသတင်း၊ ယင်းတလဲဘာသာနှင့် ကယားဘာသာ စီအစဉ်နဲ့နောက်ဆုံးရ သတင်းများကို ဆက်လက်တင်ပြ ပေးသွားမှာ ဖြစ်ပါတယ်။
KT-FM ကရင်နီဘာသာအစီအစဉ်ကို မနက် ၇း၀၀ မှ ၈းဝဝ ထိ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေပါတယ်




