spot_imgspot_imgspot_imgspot_img
Saturday, January 18, 2025
spot_imgspot_imgspot_imgspot_img
- Advertisement -spot_img

AUTHOR NAME

Kantarawaddy Times

8608 POSTS
0 COMMENTS

“တိုင်းရင်းသားစာပေ ဖွံ့ဖြိုးမှု အလှမ်းဝေးနေဆဲလား”

မော်ဦးမြာ ပြီးခဲ့တဲ့ဇွန်လ ၂၉ ရက်နေ့မှာ ကယားပြည်နယ် တိုင်းရင်းသားရေးရာ လူမျိုးရေးဝန်ကြီးဌာန၊ တိုင်းရင်းသားရေးရာစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးမှာ ဌာနေတိုင်းရင်းသားစာပေ နှီးနှောဖလှယ်ပွဲကို ကျင်းပပြုလုပ်ဖို့ သက်ဆိုင်ရာ တိုင်းရင်းသားစာပေအဖွဲ့များက စီစဉ်ခဲ့ကြရာ ပြည်နယ်အစိုးရက ရွှေ့ဆိုင်းခိုင်းပြီး အစီအစဉ်တွေကို ပြန်လည်တင်ပြဖို့ ပြောဆိုခဲ့ပါတယ်။ အဲ့ဒီကိစ္စရပ်နဲ့ ပတ်သက်ပြီး ပြည်နယ်အတွင်း အရပ်ဖက်အဖွဲ့အစည်း တွေကြားတော်တော်လေး ဂယက်ရိုက်စေခဲ့ပါတယ်။ ပြည်နယ်အစိုးရရဲ့ စည်းကမ်းချက်တွေထဲမှာ ဆွေးနွေးပွဲတစုံတရာ၊...

KNPP ဒုဥက္ကဌ ခူဦးရယ်နှင့် ကယား(ကရင်နီ)ပြည်နယ် ငြိမ်းချမ်းရေးဖော်ဆောင်နေသည့် အခြေအနေ တွေ့ဆုံမေးမြန်းခြင်း

မော်ဦးမြာ ကယား(ကရင်နီ)ပြည်နယ် ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန NRPC တို့သည် ဇူလိုင်လ ၁ရ ရက်နေ့တွင် နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနတွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြုလုပ်သွားကြသည်။ တွေ့ဆုံဆွေးနွေးခဲ့ကြသည့် အကြောင်းအရာများ၊ ပြည်နယ်အတွင်းဖြစ်ပျက်နေသည့် ကိစ္စရပ်များကို...

အန္တရာယ်ဇုံအဖြစ်သတ်မှတ်ထားသည့် မော်ချီးဒေသတွင် မြေပြိုမှုဖြစ်ပွား

ကန္တာရဝတီတိုင်း(မ်) ယခုတစ်ပတ်အတွင်း မိုးများဆက်တိုက်ရွာသွန်းနေမှုကြောင့် ဖားဆောင်းမြို့နယ် မော်ချီးဒေသရှိ အန္တရာယ်ဇုံအဖြစ် သတ်မှတ်ထားသည့်နေရာများတွင် မြေပြိုမှုများဆက်တိုက်ဖြစ်နေသည်ဟု မော်ချီးဒေသမှ ပါပွာကလူ ကရင်လူမှုဖွံ့ဖြိုးတိုးတက်ရေးအမျိုးသမီးအဖွဲ့ ဥက္ကဌ ဒေါ်မားဂရက်စိန်က ပြောပါသည်။ “အရင်ပြီးခဲ့တဲ့ အရင်ရက်ကတည်းက မြေတွေစပြိုနေတာ အခုချိန်အထိပဲ ဆက်တိုက်ကို ပြိုနေတာ။ အဲဒီပြိုတဲ့နေရာက ကျမတို့ အန္တရာယ်ဇုံလို့ သတ်မှတ်ထားတဲ့နေရာထဲက တစ်ခုပါပဲ။” ဟု...

ငြိမ်းချမ်းရေးဖြစ်စဉ်တွင် နိုင်ငံရေးအင်အားစုများ ယုံကြည်မှုတည်ဆောက်ရန်လိုဟု ဆွီဒင်သံရုံးမှ သံမှူးကြီးပြောကြား

ကန္တာရဝတီတိုင်း(မ်) ကယားပြည်နယ်အပါအဝင် မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေးသည် နိုင်ငံရေးအင်အားစုများအကြား ယုံကြည်မှု တည်ဆောက်ရန် လိုအပ်နေသည်ဟု ရန်ကုန်မြို့၊ ဆွီဒင်သံရုံးမှ သံမှူးကြီး Mr. Johan Hallenborg ကန္တာရဝတီတိုင်း(မ်)သို့ အကြံပြုပြောကြားသွားပါသည်။ “ဒီငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ရှိရင် တနိုင်ငံလုံးတည်းဆောက်နေတုန်းပဲ။ အချင်းချင်းယုံကြည်မှုမရှိကြပါဘူး။ အဲဒါက ရှေ့တိုးဖို့ကို တော်တော်လေးနောက်နှေးစေတယ်” ဟုရန်ကုန်မြို့၊  ဆွီဒင်သံရုံးမှ သံမှူးကြီး Mr. Johan...

KNPP အတွင်းရေးမှူး-(၂) ခးဒယ်နီယာယ်နဲ့ တွေ့ဆုံမေးမြန်းခြင်း

၈ရက် ၈လ ၂၀၁၉  ခုနှစ်မှာ ၈လေးလုံး အရေး အခင်း ဖြစ်ပွားခဲ့တာ ၃၁ နှစ်ရှိပါပြီ။ ပြီးခဲ့တဲ့ အရေးအခင်း ကာလတွေမှာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP  အနေနဲ့  ဘယ်လိုပူးပေါင်းဆောင်ရွက်တာရှိခဲ့လဲ ဘာတွေလုပ်ဆောင်ခဲ့လဲဆိုတာကို  ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ရဲ့ အတွင်းရေးမှူး-၂ ခူးဒယ်နီယာယ်နဲ့  တွေ့ဆုံမေးမြန်မှုကို တင်ပြပေးလိုက်ပါတယ်။ .  မင်္ဂလာပါ...

ဘဝကို အရှုံးမပေးဘဲ နိုင်ငံတကာတက္ကသိုလ်ကျောင်းတက်ခွင့်ရဖို့ ကြိုးစားခဲ့သူ

ကရင်နီသူရေးသားသည်။ လွိုင်ကော်မြို့နယ်၊ နိုးကိုးစံပြကျေးရွာက အဖေဦးညေးရယ်နဲ့ အမေဒေါ်နန်းစေးတို့ကနေ မွေးဖွားလာတဲ့ မောင်နှမငါးယောက်အနက် အငယ်ဆုံးဖြစ်သူ ခူးဆော်ရယ်ဟာ ဩဂုတ်လ ၁ ရက်နေ့ ၂၀၁၉ခုနှစ်ကနေစပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာရှိတဲ့ နိုင်ငံခြားတက္ကသိုလ်တစ်ခုမှာ Child Dream က ထောက်ပံ့ပေးတဲ့ စကောလားရှစ်ကို ယူပြီး လေးနှစ်တိုင် တက်ရောက်ကာ ပညာသင်ယူခွင့်ရပြီဖြစ်ပါတယ်။  ခူးဆော်ရယ်ဟာ သာမန်တောင်သူမိသားစုကနေ မွေးဖွားလာပြီး ငယ်စဉ်ကတည်းက မွေးမိခင်ရဲ့စောင့်ရှောက်မှုကို မခံခဲ့ရဘဲ အဖိုးအဖွား၊ အစ်ကို အစ်မတွေရဲ့ ဖေးမစောင့်ရှောက်မှုတွေနဲ့ ပညာသင်ကြီးပြင်းလာခဲ့ရသူ ဖြစ်ပါတယ်။  မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းတွေကို ကိုယ့်မွေးရပ်မြေမှာပဲ တက်ရောက်ပညာသင်ခဲ့ပြီး၊ အထက်တန်းပညာကို ဆက်လက်မသင်ယူတော့ဘဲ ဒီးမော့ဆိုမြို့မှာဖွင့်လှစ်တဲ့ ဆယ်သဲသင်ယူလေ့လာရေးဆုံရပ်ကိုပဲ ဆက်လက်တက်ရောက် ခဲ့ပါတယ်။  ဆယ်သဲသင်ယူလေ့လာရေး ဆုံရပ်ဆိုတာ လူငယ်တွေအတွက် ပညာရပ်ဆိုင်ရာဖွံ့ဖြိုးတိုးတက်ဖို့၊ လူထုအဖွဲ့အစည်းတွေမှာ ဝင်ဆံ့နိုင်အောင် သင်ကြားပေးတဲ့ ကျောင်းတစ်ကျောင်းပဲ ဖြစ်ပါတယ်။ ၂၀၁၃ခုနှစ်က စတင်ဖွင့်လှစ်ခဲ့တာ အခုဆိုရင် ရ နှစ်အတွင်း ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ကျောင်းသူကျောင်းသားပေါင်း ၃၀ဝနီးပါးခန့်ကို မွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။  ဒီလိုပဲ ခူးဆော်ရယ်ဟာလည်း ဆယ်သဲသင်ယူလေ့လာရေးဆုံရပ်ကျောင်းမှာ ၂၀၁၄မှာပြီးသွားတဲ့ ကျောင်းသားတစ်ယောက် ဖြစ်ပါတယ်။ သင်ကြားပေးမယ့် ဘာသာရပ်တွေကြောင့်လည်းပါသလို၊ ကိုယ်ကိုယ်၌ကလည်း နောင်တစ်ချိန် ခေါင်းဆောင်တစ်ဦးဖြစ်ချင်တာတွေကြောင့် ဆယ်သဲသင်ယူလေ့လာရေး ဆုံရပ်ကို ရွေးချယ်လိုက်တယ်လို့ ဆိုပါတယ်။  သူဟာဆိုရင် ၂၀၀၉-၁၀ ပညာသင်နှစ်မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲမအောင်လို့ စိတ်ဓာတ်တွေကျကာ ကျောင်းထွက်ပြီးတော့ အပြင်မှာ သုံးနှစ်လောက်အလုပ်လုပ်ခဲ့ပါတယ်။  ̏ ကျွန်တော် ဆယ်တန်းဖြေပြီး ဆယ်တန်းကျတဲ့အချိန် အိမ်ကလူတွေက၊ ကျွန်တော့်ရဲ့မိသားစုတွေကပေါ့ နောက်တစ်နှစ်ပြန်ကြိုးစားပါဦးပေါ့။ ဆိုတော့ ကျွန်တော်က ပညာရေးဆို လုံးဝအရှုံးပေးပြီပေါ့နော၊ ကျောင်းတက်ရမယ့် ကိစ္စလုံးဝမပြောတော့နဲ့ ဆိုတဲ့အဆင့်ထိ ကျွန်တော်ဆုံးဖြတ်ခဲ့တယ်။” လို့ ဆော်ရယ်က ပြောပါတယ်။ အဲဒီနောက်မှာမှ ဆယ်သဲသင်ယူလေ့လာရေးဆုံရပ်ကျောင်းကို ကြားသိခဲ့ရပြီး ကျောင်းပြန်တက်ချင်စိတ်တွေ ရှိလာခဲ့တယ်လို့ ဆိုပါတယ်။  “ဆယ်သဲရောက်ရှိလာတဲ့ အချိန်မှာ ကျွန်တော့်အနေနဲ့ ကျွန်တော် ပြန်တွေးကြည့်မိတာကတော့ ကိုယ့်ကံက ဒီဘက်ပဲပါတယ်လို့ ကျွန်တော်ထင်တယ်ပေါ့နော။˝ လို့ ပညာရေးကို အရှုံးပေးချင်စိတ် ဖြစ်ခဲ့ဖူးတဲ့အကြောင်း ပြောပြသွားပါတယ်။ ဆော်ရယ်လိုပဲ ဆယ်သဲသင်ယူလေ့လာရေးဆုံရပ်ကျောင်းကနေပညာသင်ကြားခဲ့ကြတဲ့သူတွေဟာ ပြည်နယ်အတွင်းမှာရှိတဲ့ လူမှုအဖွဲ့အစည်းတွေထဲမှာ ဝင်ရောက်တာဝန်ထမ်းဆောင်နေကြသလို၊ တချို့ကလည်း အစိုးရဝန်ထမ်း၊ တချို့ကလည်း ကိုယ်ပိုင်အလုပ်၊ တချို့ကလည်း ပညာဆက်လက်သင်ယူနေကြဆဲ စသည်ဖြင့် နေရာအသီးသီးမှာ ကိုဒူးကိုယ်ချွန် ဖြစ်နေကြပါတယ်။  ဆော်ရယ်ကတော့ ဆယ်သဲကျောင်းပြီးသွားတော့ ပညာဆက်လက်လေ့လာဆည်းပူးမှုတွေ ကြိုးစားသင်ယူခဲ့ပါတယ်။ ဆယ်သဲကနေ ၂၀၁၄ခုနှစ်ကျောင်းပြီးတော့ ထိုင်းနိုင်ငံမှာရှိတဲ့ ကရင်နီဒုက္ခသည်စခန်းက ကရင်နီအမျိုးသားကောလိပ်(KnNC)မှာ ဇွဲလုံ့လမလျှော့သေးဘဲနဲ့ ပညာဆက်လက် သင်ယူခဲ့ပြန်ပါတယ်။ KnNC ကျောင်းကို ထပ်တက်ဖို့ သူရွေးခြယ်ခဲ့ရခြင်းက နိုင်ငံတကာကျောင်းတစ်ခုခုမှာ ကျောင်းဆက်လက်တက်လှမ်းနိုင်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်ပဲလို့ သိရပါတယ်။ ဒီကျောင်းကို ဆက်တက်ခွင့်ရဖို့လည်း အများကြီးကြိုးစားခဲတယ်လို့ ဆိုပါတယ်။  "KnNCတက်နိုင်ဖို့က ကျောင်းက သတ်မှတ်ထားတဲ့ ဝင်ခွင့်စာမေးပွဲကို ကျွန်တော်အောင်ခဲ့လို့ ကျောင်းတက်ခွင့်ရခဲ့တာပါ။ ပြီးတော့ ကိုယ့်ရဲ့ ကြိုတင်ပြင်ဆင်မှုတွေ အများကြီးလုပ်ရပါတယ်။ ဥပမာ- ဖြေရမယ့် ဘာသာရပ်တွေ စာကြိုကြည့်ရတယ်။" လို့ ခူးဆော်ရယ်က ရှင်းပြပါတယ်။  အဲ့ဒီကောလိပ်ကို သုံးနှစ်တိတိကြိုးစားသင်ယူခဲ့ပြီးတော့ ထိုင်းနိုင်ငံ မဲဆောက်မြို့မှာရှိတဲ့ မင်းမဟော်(Minmahaw Higher Education Program)ကို တစ်နှစ်ပညာသင်ယူခွင့်ရရှိခဲ့ပါတယ်။ KnNC ကနေ မင်းမဟော်ကျောင်းကိုတက်ခွင့်ရဖို့ လျှောက်လွှာတွေတင်ပြီးတော့ ဝင်ခွင့်ဖြေဆိုရပါတယ်။ အဲဒီနောက် အင်တာဗျူးတွေဖြေပြီးအောင်မှ အဲဒီမင်းမဟော်ကျောင်းကိုတက်ရပါတယ်။  အဲဒီကျောင်းမှာတော့ အဓိက အင်္ဂလိပ်စာကို ထပ်မံသင်ယူခွင့်ရခဲ့တာဖြစ်ပါတယ်။ အင်္ဂလိပ်စာကို တစ်နှစ်သင်ယူပြီးနောက်မှာ General...

ဗုိုလ်ချုပ်ကြေးရုပ်၊ ဒေသတွင်းတည်ငြိမ်အေးချမ်းမှု၊ လုံခြုံမှုနှင့် တိုင်းရင်းသားစည်လုံးညီညွတ်ရေး

ထူးချစ်ရေးသားသည်။ ကရင်နီ(ကယား) ပြည်နယ်၊ လွိုင်ကော်မြို့ ကန္ဒာဟေဝန်ပန်းခြံတွင် ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူရန်၊ အမျိုးသားဒီမိုုကရေစီအဖွဲ့ချုပ်၊ ပြည်နယ်အစုိုးရမှ ၂၀၁၈-ခုနှစ် နှစ်ဦးပိုင်းကစပြီး ပြင်ဆင်ဆောင်ရွက်ချက်များပြုလုပ်ခဲ့သည်။ အဆိုပါလုပ်ငန်း အကောင်အထည်ဖော်မည်ဟုကြားသည့် အချိန်မှစတင်ပြီး၊ အမျိုးသားဒီမိုကရေးစီအဖွဲ့ချုပ်( NLD) ပါတီကို နိုင်ငံရေးအရ ဝိုင်းရံခဲ့ဖူးသည့် တိုးတက်သောအမြင်ရှိသည့် ကရင်နီလူငယ်များဦးဆောင်ပြီး ကန့်ကွက်မှုများ ပြုလုပ်ခဲ့ကြပါသည်။ ကရင်နီလူငယ်များအနေနှင့်၊ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်စိုက်ထူခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဒေသတွင်းပြဿနာများ၊ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပုံရိပ်ထိခိုက်လာနိုင်မှုများကို လူငယ်များအနေနှင့်...

ထိရောက်သည့် ဥပဒေများ၊ လုပ်ဆောင်ချက်များဖြင့် တိုင်းရင်းသားအရေးကို မြှင့်တင်ပေးပါ။

မြန်မာ့ပညာရေးစနစ်တွင် ဗမာဘာသာကို ဦးစားပေးထားခြင်းသည် တိုင်းရင်းသား ဘာသာစကားများ တဖြည်းဖြည်း ပျောက်ကွယ်ခြင်းဆီသို့ ဦးတည်သွားမည့်အပေါ် တိုင်းရင်းသားလူနည်းစု ခေါင်းဆောင်များက စိုးရိမ်ပူပန်လျက်ရှိကြသည်။  မကြာသေးမှီက ကရင်နီအမျိုးသားနေ့တွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီမှ ဗိုလ်မှူးချုပ်အောင်မြတ်က မိခင်ဘာသာစကားနှင့် ပတ်သက်သောအရေးကိစ္စအား ထည့်သွင်းပြောကြားသည့်တွေ့ဆုံမေးမြန်းခန်းကို KnIC မှ တင်ပြထားခဲ့ပါသည်။   "ပညာတတ်ကျွမ်းတဲ့ သူတွေလည်း အများအားဖြင့် အင်္ဂလိပ်၊ ဗမာပဲ တတ်ကြတယ်။ ကိုယ့်မိခင်စာပေကို မတတ်ကျွမ်းကြဘူး။ ကိုယ့်မိခင်ဘာသာစကားကို...

၂၀၂ဝ ၏ခေါင်းလောင်းထိုးသံ

ဘိုထီး (ငွေတောင်ပြည်) ရေးသားသည်။ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် အဲဒီနိုင်ငံကို လူတစ်စုကသာ အုပ်ချုပ်လို့မရပါဘူး။ နိုင်ငံတစ်နိုင်ငံကို လူတစ်စုကသာ အုပ်ချုပ်မယ်ဆိုရင် နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ထက် အာဏာတည်မြဲရေးကိုပဲ အမြဲဦးစားပေးလုပ်ဆောင်ကြပါတယ်။ တနည်းအားဖြင့် လူတစ်စုကသာအုပ်ချုပ်တဲ့ အုပ်ချုပ်ရေးစနစ်ဟာ “ခဏလေးပါကိုကိုရယ်” မျိုးမဟုတ်ပဲ အာဏာသည်မြဲသည်ထက်တည်မြဲအောင် လုပ်ဆောင်လာတတ်ကြပါတယ်။ မြန်မာနို်င်ငံမှာနေထိုင်ကြတဲ့ တိုင်းရင်းသားလူမျိုးများဟာ ရေကြည်ရာ ၊ မြက်နုရာရှာ ဖွေစားသောက်ရင်းအတူတကွ ရောက်ရှိလာတဲ့ လူမျိုးတွေဖြစ်ကြပါတယ်။ သမိုင်းပေးအခြေအနေအရ အတူတကွစုရုံးရောက်ရှိလာတဲ့...

ဗိုလ်ချုပ်ရုပ်ထုထားဖို့ အရေးတကြီးလိုအပ်သလား

သွေး (စစ်ကိုင်း) ရေးသားသည်။ မြန်မာနိုင်ငံဟာ တိုင်းရင်းသားပေါင်းစုံစုပေါင်းနေထိုင်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်သလို တစ်ဖက်ကလည်း ဖက်ဒရယ်ပြည်ထောင်စုဆီ ဦးတည်သွားမယ်လို့ကြွေးကြော်ထားတဲ့ နိုင်ငံလဲဖြစ်ပါတယ်။ ဖက်ဒရယ်ပြည်ထောင်စုဆီ သွားရမှာ အရေးကြီးတဲ့ အချက်က တိုင်းရင်းသားတွေအတွက် တန်းတူရည်တူအခွင့်အရေးတွေ ဖန်တီးပေးဖို့ပါဘဲ ဒါ့အပြင် လူနည်းစုတိုင်းရင်းသားတွေရဲ့ ဆန္ဒက ဘာလဲဆိုတာကိုပါ သိအောင်ကြိူးစားရမှာပါ။ ကရင်နီပြည်လို့ခေါ်ဝေါ်တဲ့ ကယားပြည်နယ်ဟာ ကရင်နီ၊ ကယန်း၊ ဂေခို ၊ ဂေဘား၊...

Latest news

- Advertisement -spot_img