spot_imgspot_imgspot_imgspot_img
Friday, September 19, 2025
spot_imgspot_imgspot_imgspot_img

ဖယ်ခုံအင်းအရှေ့ဘက်ကမ်းက ကျေးရွာတချို့ စစ်ကောင်စီရဲ့ စစ်ကြောင်းနဲ့ လက်နက်ကြီးကြောင့် ညတွင်းချင်းထွက်ပြေးတိမ်းရှောင်ရ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံအင်းအရှေ့ဘက်ကမ်းကို မနေ့က ဇွန်လ (၂) ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီ အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံတွေ ညတွင်းချင်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးလာတာနဲ့အတူ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ဒေသခံတွေ ကြောက်ရွံ့စိုးရိမ်ပြီး ညတွင်းချင်း ထွက်ပြေးကြတယ်လို့ ဖယ်ခုံအင်းအရှေ့ဖကကမ်းက ဒေသခံတွေနဲ့ နီးစပ်သူ အမျိုးသမီး တစ်ဦးက အခုလို ပြောပါတယ်။

“ည (၇)ခွဲကျော်(၈) လောက်အချိန်မှာက ဖယ်ခုံဘက်ကနေပဲ လက်နက်ကြီးတွေ ပစ်တယ်။ ပစ်ပြီဆိုရင် (၄) လုံးတွဲတွေ ။ အဲ့လိုတွေ ကြားရတယ်။ သူတို့(စစ်ကောင်စီ) ထပ်ပစ်လာတော့ တောင်ပို့ကွဲရွာက အများဆုံးပဲ။ ကျမတို့ဆီကို ညတွင်းချင်းပဲ ထွက်ပြေးလာတယ်။ ထော်လာဂျီနဲ့ ပြေးတဲ့သူကပြေး၊ ဆိုင်ကယ်နဲ့ ပြေးတဲ့သူက ပြေးနဲ့ အဲ့လိုတွေ ပြေးလာကြတယ်” အဆိုပါ အမျိုးသမီးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

ဖယ်ခုံအရှေ့ဘက်ကမ်းက ကျေးရွာ ၃ ရွာ ကနေ ညတွင်းချင်း ထွက်ပြေးတိမ်းရှောင်ကြရတာ ဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းအခြေအနေနဲ့ ပတ်သက်ပြီး ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေကို ကန္တာရဝတီတိုင်း(မ်) က ဆက်သွယ်မေးမြန်းထားပေမယ့် တိုက်ပွဲဖြစ်ပွားနေသေးတာကြောင်း ဖြေကြားပေးနိုင်ခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်နဲ ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ် လို့ ဒေသခံတွေက ပြောပါတယ်။

spot_img

Recent posts