spot_imgspot_imgspot_imgspot_img
Monday, August 4, 2025
spot_imgspot_imgspot_imgspot_img

ကရင်နီက မြို့နယ် ၃ ခု အပါအဝင် ၆၃ မြို့နယ်ကို အရေးပေါ်အခြေအနေအဖြစ် စစ်ကောင်စီကြေညာ

ကန္တာရဝတီတိုင်း(မ်)

စစ်ကောင်စီက နိုင်ငံတော်လုံခြုံရေးနဲ့ အေးချမ်းသာယာရေး ကော်မရှင်ကို ဖွဲ့စည်းကြောင်း ကြေညာလိုက်တဲ့ ဇူလှိုင်လ ၃၁ ရက်နေ့ မှာပဲ ကရင်နီက မြို့နယ် ၃ ခု အပါအဝင် ၆၃ မြို့နယ်ကို အရေးပေါ်အခြေအနေအဖြစ် ကြေညာလိုက်တာပါ။

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ရဲ့ ဥက္ကဌ အဖြစ်ကိုတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တာဝန်ယူသွားမှာ ဖြစ်ပါတယ်။

အရေးပေါ်အခြေအနေအဖြစ် ကြေညာခံရတဲ့ မြို့နယ်တွေကတော့ ကချင်ပြည်နယ်မှာ (၅) မြို့နယ်၊ ကရင်နီပြည်မှာ (၃) မြို့နယ်၊ ကရင်ပြည်နယ်မှာ (၂) မြို့နယ်၊ ချင်းမှာ (၇) မြို့နယ်၊ စစ်ကိုင်းတိုင်းမှာ (၉) မြို့နယ်၊ မကွေးတိုင်းမှာ (၅) မြို့နယ်၊ မန္တလေးတိုင်းမှာ (၃) မြို့နယ်၊ ရခိုင်ပြည်မှာ (၁၄) မြို့နယ်နဲ့ ရှမ်းပြည် (၁၅) မြို့နယ်တို့ ဖြစ်ကြပါတယ်။

ကရင်နီပြည်မှာတော့ ရှားတောမြို့နယ်၊ ဖားဆောင်းမြို့နယ် နဲ့ မယ်စဲ့မြို့နယ် ပါဝင်ပါတယ်။ ရှားတောနဲ့ မယ်စဲ့မြို့နယ်ဟာ တော်လှန်ရေးတပ်တွေ အလုံးစုံထိန်းချုပ်ထားတဲ့ နယ်မြေဖြစ်ပြီး ဖားဆောင်းကတော့ လက်ရှိမှာ စစ်ကောင်စီတပ်ရင်းတစ်ခုသာ ကျန်ရှိနေတာ ဖြစ်ပါတယ်။

အရေးပေါ်အခြေအနေအဖြစ် ကြေညာလိုက်တဲ့ မြို့နယ်တွေထဲက တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးတွေကိုလဲ စစ်အုပ်ချုပ်ရေးအာဏာကို တပါတည်း အပ်နှင်းထားပါတယ်။

စစ်ကောင်စီတပ်ဟာ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ ကြိုးစားနေတာဖြစ်ပြီး အရပ်သားပြည်သူတွေကို ပိုမိုပစ်မှတ်ထား တိုက်ခိုက်လာနိုင်တာကြောင့် အထူးသတိထားကြဖို့ကိုလဲ တော်လှန်ရေး ခေါင်းဆောင်တွေက သတိပေးထားတာတွေ ရှိပါတယ်။

spot_img