spot_img
Thursday, June 8, 2023
spot_imgspot_imgspot_imgspot_img

အယ်ဒီတာ့အာဘော်

ဒေသခံတွေရဲ့ ထုံးတမ်းစဉ်လာ မြေယာစီမံခန့်ခွဲ့မှု ဓလေ့ကို အသိအမှတ်ပြုသင့်

ကယား(ကရင်နီ)တိုင်းရင်းသားမျိုးနွယ်စု အသီးသီးနေထိုင်ကြတဲ့ ကျေးရွာတိုင်းမှာ သူတို့သတ်မှတ်တဲ့ မြေအမျိုးအစားတွေ ရှိကြပါတယ်။ ကျေးရွာမြေ၊ ကျေးရွာပိုင်သစ်တော၊ သချိင်္ုင်းမြေ၊ လယ်မြေ၊ တောင်ယာမြေ၊ သစ်တောမြေ၊ ကာကွယ်တော၊ ရေကန်၊ ဥယျာဉ်ခြံမြေ၊ နတ်ထိန်းတော့၊ စားကျက်မြေ၊ ဂူ စတဲ့ မြေအမျိုးစားတွေကို မတူညီတဲ့ နည်းလမ်းတွေနဲ့ မတူညီတဲ့စိုက်ပျိုးရေးလုပ်ငန်းတွေနဲ့ အသုံးပြုကြပါတယ်။ မြေယာအသုံးပြုမှုနဲ့ဆိုင်တဲ့ ဓလေ့ထုံးတမ်းတွေကို မျိုးဆက်သစ်တွေက ဆင့်ကဲဆင့်ကဲ မြေယာစီမခန့်ခွဲကြပါတယ်။ မျိုးနွယ်စုအလိုက် သို့မဟုတ် ကျေးရွာအလိုက် မတူညီကြတဲ့ ရိုးရာဓလေ့နဲ့ ဆိုင်တဲ့ မြေယာအသုံးပြုမှုနဲ့ စည်းမျဉ်းစည်းကမ်းတွေ...

မလိုအပ်တော့တဲ့ မြေကိုစွန့်လွှတ်လို်က်ပါ

ကန္တာရဝတီတိုင်း(မ်) အိုးအိမ်တွေလည်းဆုံးရှုံးခဲ့ရပြီးပြီ နောက်ထပ်လည်း တောင်ယာမြေဆုံးရှုံးခံရအုံးမယ်ဆိုရင် တိုင်းရင်းသားဒေသခံတောင်သူတွေရဲ့ ဘဝကို ထပ်ပြီးတော့ တမင်သက်သက် ဖိနှိပ်နေသလို ဖြစ်နေပါတယ်။ ဧပြီလ ၂ဝ ရက်နေ့က လွိုင်ကော်မြို့နယ် အမြောက်တပ် ၃၆ဝက သိမ်းဆည်းခဲ့တဲ့ လယ်ယာမြေပေါ်မှာ တောင်သူတွေအယောက် ၃ဝ လောက် သူတို့တောင်ယာမြေပေါ်မှာ ပြန်လည်စိုက်ပျိုးနိုုင်ဖို့ မြေယာမဆုံးရှုံးဖို့ ထွန်တုံးတိုက်ပွဲပြုလုပ်ခဲ့ကြပါတယ်။ အဲဒီတောင်သူတွေဟာဆိုရင် တချိန်က နိုင်ငံရေးမတည်မငြိမ်တဲ့အချိန်က ၊ တိုက်ပွဲတွေဖြစ်တဲ့အချိန်က ပြေးလွှားရှောင်တိမ်းခဲ့ရလို့ သူတို့ရဲ့ ရွာ၊ သူတို့ရဲ့...

မော်ချီးမိုင်းတွင်းရဲ့ အသက်အန္တရာယ် တာဝန်ယူမှုတာဝန်ခံမှု ရှိသင့်ပြီ

ကန္တာရဝတီတိုင်း(မ်) မိုင်းအန္တရာယ်အသိပညာပေးအစီအစဉ်တွေကို အစိုးရတွေ၊ လူမှုဖူလုံရေးအဖွဲ့တွေ၊ နိုင်ငံတကာကူညီရေးအဖွဲ့ တွေက မြို့ပေါ်မှာ ပြုလုပ်နေကြတာကိုတွေ ကြားသိနေရပေမယ့်လို့ တခြားအနယ်နယ်အရပ်ရပ်က အသက်မြောက်များစွာဆုံးရှုံးနေတဲ့ မောချီးမိုင်းတွင်းသတ္တုလုပ်ငန်းခွင်ကိုတော့ အထူးအလေးပေး ဆောင်ရွက်ပေးသင့်ပါတယ်။ အဲဒီမှာ အသိပညာပေးဆိုင်းဘုတ်လေး တောင် မတွေ့ရပါဘူး။ ကမ္ဘာ့ဈေးကွက်ဝင်သတ္တုကို နှစ်ပေါင်းရာချီတူးဖော်လုပ်ကိုင်နေကြတဲ့ သတ္တုတူးဖော်ရေးလုပ်ငန်းခွင်က အလုပ်သမားတွေကို လျစ်လျူရှုနေကြတာဖြစ်ပါတယ်။ မော်ချီးမှိုင်းကနေ စက်ခွဲ  ယမ်းဖောက် စတဲ့အလုပ်သမားတွေကို မှိုင်းအန္တာရယ်သတိပေးတားမြစ်ချက်တွေ နောက်ပြီးတော့မှအကာအကွယ်လုပ်ရမယ်ဆိုတဲ့ဆိုင်းဘုတ်တွေအသိပညာပေးတာတွေမရှိတာဟာ တာဝန်ယူမှု တာဝန်ခံမှုမရှိတဲ့ လုပ်ရပ်တွေဖြစ်ပါတယ်။ ယမ်းငွေ့တွေကြောင့် အသက်ဆုံးရှုံးသွားရတဲ့သူတွေအတွက် အလုပ်သမားဝန်ကြီးဌာနက ဘယ်လောက်အထိ တာဝန်ယူမှုပေးနေတာလဲဆိုတာတွေက မေးခွန်းထုတ်စရာတွေဖြစ်လာစေပါတယ်။ အဲဒီခဲကျဉ်းလုပ်ငန်းတူးတဲ့ သူတွေက ယမ်းတွေနဲ့စက်တွေနဲ့ဖောက်ခွဲပြီးတော့မှ တဖြည်းဖြည်း...

အောက်ခြေပြည်သူလူထုတွေရဲ့ အသံကိုလည်း နားထောင်ပေးပါ

ဇန်နဝါရီလ ကယားပြည်နယ်နေ့ပွဲတော်အတွင်းမှာ နိုင်ငံတော်သမ္မတဦးဝင်းမြင့် ကယားပြည်နယ်ကို လာရောက်ခဲ့စဉ်က လူထုအသံကို နားထောင်သွားသင့်ပါတယ်။  နိုင်ငံတော်သမ္မတဦးဝင်းမြင့်ရဲ့ ကယားပြည်နယ်ကို လာရောက်တဲ့ခရီးစဉ်မှာ ပြည်သူလူထုအခက်အခဲတွေ တင်ပြခွင့်မရခဲ့တဲ့အတွက် တစ်ချို့မှာတော့ စာလက်ခံဌာနကိုပဲ ပေးအပ်ခဲ့လိုက်ရပါတယ်။  အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရာစီရင်ရေးမဏ္ဍိုင် သုံးရပ်မှ အကြီးအကဲများနဲ့တွေ့ဆုံပြီး ဝန်ကြီးချုပ်၊ လွှတ်တော် ဥက္ကဌ ၊ တရားသူကြီးချုပ်တို့ကပဲ  ၎င်းတို့ရဲ့လုပ်ငန်း လိုအပ်ချက်များကိုသာ တင်ပြခွင့်ရခဲ့ကြပါတယ်။  သမ္မတခရီးစဉ်မှာတော့ ကယားပြည်နယ်နေ့အခမ်းအနားမှာ မိန့်ခွန်းပြောကြားတာတွေ ညစာတည်ခင်းတာတွေ ပြည်နယ်ရဲ့ အထင်ကရဖြစ်တဲ့ ဒီးမောဆိုမြို့နယ်၊ ပန်ပက်ကျေးရွာရှိ တိုင်းရင်းသား ရိုးရာ အရောင်းဆိုင်၊ ငွေတောင်ဆည်၊ လောပိတရေအားလျှပ်စစ်စက်ရုံ၊ လွိုင်ကော်မြို့ရှိ သီရိမင်္ဂလာ တောင်ကွဲစေတီနှင့် သမိုင်းဝင်...

အောက်ခြေပြည်သူတွေရဲ့အသံကိုလည်း နားထောင်ပေးပါ

ကန္တာရဝတီတိုင်းမ် ဇန်နဝါရီလ ကယားပြည်နယ်နေ့ပွဲတော်အတွင်းမှာ နိုင်ငံတော်သမ္မတဦးဝင်းမြင့် ကယားပြည်နယ်သို့လာရောက်ခဲ့စဉ်က လူထုအသံကို နားထောင်သွားသင့်ပါတယ်။ နိုင်ငံတော်သမ္မတဦးဝင်းမြင့်ရဲ့ ကယားပြည်နယ်သို့လာရောက်သည့်ခရီးစဉ်မှာ ပြည်သူလူထုအခက်အခဲတွေ တင်ပြခွင့်မရခဲ့တဲ့အတွက် တချို့မှာတော့ စာလက်ခံဌာနကိုသာပဲ ပေးအပ်ခဲ့လိုက်ရပါတယ်။  အုပ်ချုပ်ရေး ၊ ဥပဒေပြုရေး၊ တရာစီရင်ရေးမဏ္ဍိုင် သုံးရပ်မှ အကြီးအကဲများနှင့် တွေ့ဆုံပြီး ဝန်ကြီးချူပ်၊ လွှတ်တော် ဥက္ကဌ ၊ တရားသူကြီးချူပ် တို့ကသာ  ၎င်းတို့၏ လုပ်ငန်း လိုအပ်ချက်များကိုသာ တင်ပြခွင့်ရခဲ့ကြပါတယ်။  သမ္မတခရီးစဉ်မှာတော့ ကယားပြည်နယ်နေ့အခန်းအနား၌ မိန့်ခွန်းပြောကြားတာတွေ ညစာတည်ခင်းတာတွေ...

လွှတ်တော်အမတ်တွေ သက်ဆိုင်ရာဌာနတွေ တောင်သူတွေကို မြေယာဥပဒေ အမြန်ချပြပေးပါ

ကန္တာရဝတီတိုင်း(မ်) ဒေသခံတိုင်းရင်းသားတောင်သူတွေရဲ့ သဘောထားဆန္ဒတွေ မကောက်ခံဘဲ စက်တင်ဘာလ ၁၁ ရက်နေ့ ၂၀၁၈ ခုနှစ်က ပြင်ဆင်အတည်ပြုလိုက်တဲ့ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေကို တိုင်းရင်းသားတောင်သူလယ်သမားတွေ အပစ်ပေးအရေးယူမခံရလေးအောင် ချပြအသိပေးတာတွေ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တွေ၊ သက်ဆိုင်ရာဌာနဆိုင်ရာတွေ အစိုးရတွေက အလျှင်အမြန်လုပ်သင့်နေပါပြီ။ အကြောင်းကတော့ အဲဒီထဲမှာ ပြင်ဆင်လိုက်တဲ့ဥပဒေတွေထဲမှာ ပုဒ်မ ၂၂ (၄)- (ခ)မှာ ဗဟိုကော်မတီ၏ ခွင့်ပြုမိန့်မရရှိဘဲ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကိုရယူလုပ်ကိုင်အသုံးပြုလျက်ရှိသော ပုဂ္ဂိုလ်နှင့်...

Popular