Copyright © 2026 All Rights Reserved by Kantarawaddy Times
ရုပ်သံအစီအစဉ်
လွိုင်ကော်မြို့၊ ကုန်းသာကျေးရွာအုပ်စု၊ ကွင်းအမှတ်(ကွင်းပြင်)၊ ဧရိယာ (၂၄၇) ဧကရှိတဲ့ မြေပေါ်မှာ ဦးဝင်းမင်းငြိမ်း(ကိုယ်စား) ဓနပြည့်ဝန်းကုမ္ပဏီလိမိတက်က ခဲသတ္တုရောရာထုတ်လုပ်ရာမြေနေရာလျှောက်ထားမှုကို ဒေသခံတွေက ကန့်ကွက်ကြပါတယ်။https://youtu.be/heevXl5VFU4
နိုင်ငံရပ်ခြားကနေ နေရပ်ပြန်လာတဲ့သူတွေအနေနဲ့ ကိုရိုနာဗိုင်းရပ်(စ်)ကူးစက်ရောဂါ စောင့်ကြည့်လူနာအဖြစ် နေခဲ့ရတဲ့ရက်အတွင်း ဘယ်လိုနေထိုင်စားသောက်ခဲ့ရပါသလဲ။https://youtu.be/-eef4PzorXk
လွိုင်ကော်ကွန်ပျူတာတက္ကသိုလ်ကျောင်းသားနှစ်ဦးကနေ တီထွင်ပြုလုပ်ထားတဲ့ ပိုးသတ်ခန်းကို လွိုင်ကော်ပြည်သူ့ဆေးရုံကြီးအတွက် ဧပြီလ ၂၇ ရက်နေ့က လှူဒါန်းခဲ့ပါတယ်။https://youtu.be/PdRgY_T7M14
COVID-19 ရောဂါ ထိန်းချုပ်ကုသရေးနဲ့ ပြန့်ပွားမှုမရှိစေရေးအတွက် မြို့နယ်အဆင့် COVID-19 ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုန့်ပြန်ရေးကော်မတီက စေတနာ့ဝန်ထမ်းတွေနဲ့ ဧပြီလ ၂၅ ရက်နေ့က လွိုင်ကော်မြို့နယ်ခန်းမမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။https://youtu.be/fZAJrVK-nVU
Covid 19 ရောဂါကာကွယ်တဲ့အနေနဲ့စားသောက်ဆိုင်တွေနဲ့ ကုန်ပစ္စည်းအရောင်းဆိုင်တချို့ကို ကိုယ်ထုကိုယ်ထ ပိတ်ထားကြပါတယ်။ ဖွင့်ထားတဲ့ တချို့စားသောက်ဆိုင်တွေမှာဆိုရင် ဆိုင်ထိုင်စားခွင့်မရှိတော့ဘဲ ပါဆယ်ထုပ်နဲ့သာ ဝယ်ယူရတာရှိပါတယ်။ COVID-19 ကြောင့် လက်ရှိ...
ကယားပြည်နယ်အစိုးရအဖွဲ့က ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့် ချိုးဖောက်သူတချို့ကို အလုပ်မဲ့ထောင်ဒဏ်တစ်လ ချမှတ်လိုက်ပါတယ်။https://youtu.be/wtHBOnNDvZc
ပရဟိတလူမှုကူညီရေးအသင်းတွေဖြစ်တဲ့ ဝစ္စကုဋီပရဟိတအသင်းနဲ့ ဖေးကူလက်(လွိုင်ကော်) ပရဟိတအသင်းတို့က အလှူရှင်တွေကိုယ်စား လွိုင်ကော်မြို့အတွင်း ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေအတွက် အခြေခံစားသောက်ကုန်တွေကို ဧပြီလ ၂၆ ရက်နေ့က အိမ်တိုင်ရာရောက်သွား သွားရောက်လှူဒါန်းခဲ့ပါတယ်။https://youtu.be/7IbMpo2zls4
ကန္တာရဝတီတိုင်း(မ်)ကယားပြည်နယ်အစိုးရအဖွဲ့ရုံးမှ ကယားပြည်နယ်အတွင်းရှိ မြို့နယ်များကို ညမထွက်ရ အမိန့်ကို ထုတ်ပြန်ထားသော်လည်း ဒီမော့ဆိုမြို့နယ်က အမိန့်ပျက်ကွက်သူများကို အလုပ်မဲ့ ထောင်ဒဏ် တစ်လဖြင့် ဒီမော့ဆိုတရားရုံးက ဧပြီလ ၂၄ရက်နေ့မှာ...
ဈေးတွေမှာ စည်ပင်က ချမှတ်ထားတဲ့စည်းကမ်းတွေကို လိုက်နာမှုအားနည်းနေသေးတာကြောင့် အသိပညာပေးနှိုးဆော်တာတွေ ဆက်လက်ဆောင်ရွက်သွားမယ်လို့ လွိုင်ကော်မြို့နယ် စည်ပင်သာယာရေးကော်မတီက ပြောပါတယ်။https://youtu.be/SZKjc80MKDs
လူစုလူဝေးများတဲ့ ဈေးတွေမှာ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ဖို့အတွက် ဘယ်လိုဆောင်ရွက်သင့်ပါသလဲ။https://youtu.be/ShEmJMf7bbs
ကယားပြည်နယ်အတွင်း Covid-19 ကာကွယ်ဖို့အတွက် လျှပ်စစ်မီတာခ လာရောက်ပေးဆောင်ရာမှာ ထုတ်ပြန်ထားတဲ့ မေတ္တာရပ်ခံချက်တွေကို လိုက်နာပေးကြဖို့ လွိုင်ကော်မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးက တိုက်တွန်းလိုက်ပါတယ်။https://youtu.be/Ma0r4J6IdG0
လက်ရှိဖြစ်ပွားနေတဲ့ COVID-19 ရောဂါ ထိန်းချုပ်ကာကွယ်ဖို့အတွက် စားသောက်ဆိုင်တွေ၊ ဈေးတွေ ပိတ်ထားပေမဲ့လည်း တချို့နေရာမှာ လူစုလူဝေးဖြစ်နေသေးတာကြောင့် ကိုယ်ပိုင်အသိစိတ်နဲ့ လူစုလူဝေးရှောင်ရှားဖို့ လိုအပ်တယ်လို့ ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးက ပြောပါတယ်။https://youtu.be/p1kCQ2n9b3E
ကရင်နီမျိုးနွယ်စုတွေ တန်ဖိုးထားကြတဲ့ တံခွန်တိုင်ပွဲတော်အကြောင်းကို တင်ပြပေးမှာ ဖြစ်ပါတယ်။https://youtu.be/ki7Fzzhclps
ကယားပြည်နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ကို ကြိုတင်ကာကွယ်တဲ့အနေနဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ စုပေါင်းဖွဲ့စည်းထားတဲ့ ကျန်းမာရေးဌာနက ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးရေးဂိတ်တွေထားရှိပြီး အစိုးရနဲ့လည်း ကျန်းမာရေးကိစ္စတွေမှာ ပူးပေါင်းလုပ်ဆောင်ဖို့ဆွေးနွေးနေတာရှိတယ်လို့ CHDN အဖွဲ့က ပြောပါတယ်။https://youtu.be/N4cwxWCQhNU
ဒီးမော့ဆိုမြို့နယ် ဟိုဝမ်ကျေးရွာအုပ်စုမှာ ၂၀၁၈-၂၀၁၉ ဖြည့်စွက်ရန်ပုံငွေနဲ့ ဆည်မြောင်းနှင့်ရေစီမံခန့်ခွဲရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်ထားတဲ့ အိမ်တိုင်ရာရောက် ရေပေးဝေတဲ့လုပ်ငန်း အချိန်ကြန့်ကြာနေတဲ့အတွက် ဟိုဝမ်အထက်ကျေးရွာ ရွာသူရွာသားတွေက စောင့်မျှော်နေကြတယ်လို့ သိရပါတယ်။https://youtu.be/Cfp3oEWawas
ဖရူဆိုမြို့နယ်ခန်းမနဲ့လောဘူးဒါးကျောင်းမှာထားရှိတဲ့ ပြည်ပကနေပြန်လာတဲ့ ၁၄ ရက်ကြာ စောင့်ကြည့်ခံရသူတွေနဲ့ စေတနာ့ဝန်ထမ်းတွေအတွက် အစားအသောက်တွေ လိုအပ်နေတယ်လို့ ပြောပါတယ်။https://youtu.be/iqNd-kPLHQk
ကယားပြည်နယ်ရဲ့ မြို့နယ်သုံးမြို့နယ်ကို COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းစဉ်မှာအသုံးပြုဖို့ UNICEF က တစ်မြို့နယ်ကို ရန်ပုံငွေ ၃၂ သိန်းကျော် ခွင့်ပြုချထားပေးပါတယ်။https://youtu.be/cw_l91e0ckk
အမှိုက်ကျင်းမီးလောင်းတာငြိမ်းသတ်ဖို့ စက်ယန္တရားလိုအပ်ချက်ရှိနေသေးတယ်လို့ လွိုင်ကော်မြို့ စည်ပင်သာယာရေးကော်မတီက ပြောပါတယ်။https://youtu.be/dXGAwz1NUCw
လွိုင်ကော်မြို့နယ်ရှိဈေးတွေကို တစ်ပတ်မှာသုံးရက်သာဖွင့်ပြီး ကျန်ရက်တွေမှာ ဈေးအတွင်း ပိုးသတ်ဆေးဖြန်းတာတွေ ဆောင်ရွက်နေတယ်လို့ လွိုင်ကော်မြို့ စည်ပင်သာယာရေးကော်မတီက ပြောပါတယ်။https://youtu.be/1XBm4CKc6tM
- သစ်တောပြုန်းတီးမှုပပျောက်ဖို့အတွက် ရွှေ့ပြောင်းတောင်ယာစနစ်ကနေ အမြဲတမ်းတောင်ယာစနစ်ကို ပြောင်းလဲဖို့အတွက် လုပ်ဆောင်နေတယ်လို့ သစ်တောဦးစီးဌာနက ပြောပါတယ်။https://youtu.be/MeiThzkMVqM
မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်ကို ကျေးလက်နေပြည်သူလူထုအနေနဲ့ ဘယ်လောက်များ သိရှိကြပါသလဲ။https://youtu.be/yghqEWq2aJs




