KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ( ၃၀ ) ရက်၊ (သောကြာနေ့)
– ဒီးမော့ဆိုအနောက်ခြမ်းမှာ စစ်ဘေးရှောင်နဲ့ ဒေသခံတွေ စုပေါင်းပြီး ဘုံကထိန်ပွဲ ပြုလုပ်
– KNYO ဖွင့်လှစ်ထားတဲ့ လူငယ်ခေါင်းဆောင်မှုသင်တန်း အပတ်စဥ်(၂) အတွက် သင်တန်းသား ( ၂၅ ) ဦး ခေါ်ယူမည်
– တော်လှန်ရေးထိန်းချုပ်နယ်မြေမှာ မီဒီယာလွတ်လပ်ခွင့် အားနည်းနေတယ်လို့ အသံအဖွဲ့ရဲ့ သုတေသနဆို
– စစ်အာဏာသိမ်း (၂၀၉၇)ရက်အတွင်း သတ်ဖြတ်ခံရသူ (၈၆၂၇)ဦးထိရှိလာ
– အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့လာရောက်ပြီး စစ်ဘေးရှောင်မိသားစု ၁၁,၀၀၀ အတွက် လူသားချင်းစာနာမှု အကူအညီများစတင်ဖြန့်ဝေ။
– ဒေသခံများဦးဆောင်သည့် WPS လုပ်ငန်းများကို ထောက်ပံ့ပေးရန် WLB တောင်းဆို
စတဲ့ သတင်းတွေနဲ့အတူ မိုးလေဝသသတင်းနဲ့ ကုန်ဈေးနှုန်းသတင်းတွေကို နားဆင်ရမှာပါ။ ဒါ့အပြင် “စစ်ဖိနပ်အောက်က ပွင့်လန်းနေဆဲ သူမ၏အပြုံး” ဆိုတဲ့ဆောင်းပါးကိုလည်း ဆက်လက်တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ည ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်





