spot_imgspot_imgspot_imgspot_img
Thursday, July 10, 2025
spot_imgspot_imgspot_imgspot_img

IEC က ၂၀၂၄ခုနှစ်အတွင်း ရန်ပုံငွေ သိန်းပေါင်း ငါးသောင်းကျော်ရရှိပြီး ပြည်တွင်းအခွန်ငွေကနေ အများဆုံးရရှိတယ်လို့ဆို

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ ( IEC ) က ၂၀၂၄ ခုနှစ်အတွင်း ရန်ပုံငွေ သိန်းပေါင်း ငါးသောင်းကျော် ( ၅,၆၄၇,၉၂၈,၄၆၂ ) ကျပ် ရရှိခဲ့ပြီး ဝင်ငွေအများစုက ပြည်တွင်းအခွန်ငွေကနေရရှိတာဖြစ်တယ်လို့ ဒီကနေ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ ထုတ်ပြန်တဲ့ ၂၀၂၄ခုနှစ် တစ်နှစ်တာ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ပြည်တွင်းအခွန်ငွေ ၃၁ ရာခိုင်နှုန်း၊ နိုင်ငံတကာအဖွဲ့အစည်းများမှ ဝင်ငွေ ၂၈ ရာခိုင်နှုန်း၊ အမျိုးသားညီညွတ်ရေးအစိုးရမှ ထည့်ဝင်ငွေ ၂၉ ရာခိုင်နှုန်း နဲ့ အခြား ၁၂ ရာခိုင်နှုန်း အသီးသီးကနေ ရန်ပုံငွေရရှိတယ်လို့ ပြောထားပါတယ်။

ရရှိလာတဲ့ ရန်ပုံငွေနဲ့ IEC ရဲ့သက်ဆိုင်ရာ ဌာနအသီးသီးကနေ လုပ်ငန်းဆောင်တာ‌တွေ ဆောင်ရွက်တာအပြင် ရေဘေးကြောင့်ပျက်စီးသွားတဲ့ စိုက်ပျိုးသီးနှံအတွက် ထောက်ပံ့ရေး၊ မှုခင်းအရေးယူဆောင်ရွက်ရေး၊ ကယ်ဆယ်ရေး၊ မိုင်းရှင်းလင်းရေး၊ လမ်းတံတားတည်ဆောက်ရေး အပြင် ကျန်းမာရေး၊ ပညာရေး ဝန်ဆောင်မှု အစရှိသည်တို့ကို ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

ကြားကာလအနေအထားအရ I‌EC အနေနဲ့ အုပ်ချုပ်ရေးယန္တရားတွေကို လည်ပတ်နေပြီဖြစ်ပေမယ့် လုပ်ငန်းစဥ်တွေကို ပိုမိုထိရောက်အောင် ဆောင်ရွက်စေလိုတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကရင်နီပြည်က လူထုသွားလာမှုအများဆုံးဖြစ်တဲ့ ဒီးမော့ဆိုမြို့နယ်အတွင်းမှာ လမ်းတံတားပြုပြင်တာတွေ ဆောင်ရွက်ပေးစေလိုတယ်လို့လည်း ဒီးမော့ဆို အနောက်ဖက်ခြမ်းက ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

“လမ်းတွေပျက်နေတာအများကြီးဘဲ။ သူတို့ပြထားတဲ့စာရင်းတွေအရ ဆောင်ရွက်နေတာတွေရှိတယ်။ ဒါပေမဲ့ ချိုင့်ခွက်တွေအများကြီးဖြစ်နေတဲ့ နေရာတွေ ယာဥ်တိုက်မှုဖြစ်နိုင်တဲ့နေရာတွေ ကျနော်တို့ပတ်ဝန်းကျင်မှာ တွေ့နေရတယ်။ ကျနော်တို့ ကိုယ်ထူကိုယ်ထအနေနဲ့ ကိုယ်တိုင်လုပ်နေရတယ်။ ဘာအကူအညီမှမရှိဘဲနဲ့ စစ်ဘေးရှောင်နဲ့ ရွာသားတွေ ပေါင်းပြီးလုပ်နေရတာရှိတယ်။ အဲတာကို IEC က သေသေချာချာဆောင်ရွက်ဖို့ လိုမယ်ထင်တယ်”လို့ သူက ပြောပါတယ်။

ရန်ပုံငွေ ၂၇ ဒဿမ ၄ ရာခိုင်နှုန်းနဲ့ အများဆုံးခွဲဝေထားတဲ့ ပြည်ထဲရေးဌာနရဲ့ ပြည်သူ့အုပ်ချုပ်ရေးဌာနခွဲမှာ မြို့နယ်သစ် ဖွဲ့စည်းတာ၊ လူဝင်မှုကြီးကြပ်ရေးဌာနစိပ်က ပြည်နယ်တွင်း ဝင်ထွက်သွားလာမှုကို ကြီးကြပ်ကွပ်ကဲတာ၊ ကရင်နီပြည်ရဲဌာနခွဲက လုံခြုံရေး ရဲကင်းရဲစခန်းဖွင့်လှစ်တာ၊ မှုခင်းအရေးယူဆောင်ရွက်တာ၊ မီးဘေးလုံခြုံရေးဌာနစိပ်က ရေပေးဝေတာ မီးသတ်ပေးတာ အပြင် ၊ အရေးပေါ်ကယ်ဆယ်ရေးဌာနခွဲက အရပ်သား၊ ရဲဘော်တွေကို ကယ်ဆယ်ပေးတဲ့လုပ်ငန်း စသဖြင့် အသီးသီးလုပ်ဆောင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ပြည်ထဲရေးဌာနပြီးတဲ့နောက် လူသားချင်းစာနာမှုနှင့်ပြန်လည်ထူထောင်ရေးဌာနမှာ ၂၄ ဒဿမ ၇ ရာခိုင်နှုန်းနဲ့ ဒုတိယအများဆုံး အသုံးပြုခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

spot_img

Recent posts