spot_imgspot_imgspot_imgspot_img
Saturday, June 14, 2025
spot_imgspot_imgspot_imgspot_img

IEC ပြည်ထဲရေးဌာန လက်အောက်ကနေ အရေးပေါ် ကယ်ဆယ်ရေး သင်တန်း အမှတ်စဥ်(၃) ကို တစ်လကြာပြုလုပ်ခဲ့ဟုဆို

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်တွင်းတစ်နေရာမှာ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေး ကောင်စီ (IEC) ရဲ့ ပြည်ထဲရေးဌာန အောက်မှာရှိတဲ့ အရေးပေါ် ကယ်ဆယ်ရေးဌာနခွဲကနေ အရေးပေါ် ကယ်ဆယ်ရေး သင်တန်း အမှတ်စဥ်(၃) ကို တစ်လကြာ ပြုလုပ်ခဲ့တယ်လို့ IEC ရဲ့ ပြည်ထဲရေးဌာန ဒုတိယဌာနမှူး (၂) ခွန်းအလင်းက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၅ ရက်နေ့မှာ စတင်ခဲ့ပြီး ယမန်နေ့ ဇွန်လ ၄ ရက်နေ့မှာ သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

“သင်တန်းက တစ်လပါ။ ရက် ၃၀ ဖြစ်တယ်။ မေ ၅ရက်မှ ဇွန်လ ၄ရက်ထိပါ။ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ ပြည်ထဲရေးဌာန အရေးပေါ်ကယ်ဆယ်ရေးဌာနခွဲ မှ ဦးဆောင်ကျင်းပခဲ့ပါတယ်။” လို့ IEC ရဲ့ ပြည်ထဲရေးဌာန ဒုတိယဌာနမှူး (၂) ခွန်းအလင်းက ဆိုပါတယ်။

သင်တန်းအတွင်းမှာတော့ အဓိက ဘာသာရပ် ၃ခုဖြစ်တဲ့ မီးသတ်ဘာသာရပ် ၊ရှာဖွေကယ်ဆယ်ရေး ဘာသာရပ် နဲ့ ရှေးဦးသူနာပြုစုခြင်းဘာသာရပ်တွေကို သင်ကြားပို့ချပေးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ အမှတ်စဥ်(၃) သင်တန်းမှာတော့ သင်တန်းသား ၉၄ ဦး တက်ရောက် ပြီးမြောက်အောင်မြင်ခဲ့တယ်လို့ ဆိုပါတယ်။

အခုလို အရေးပေါ်ကယ်ဆယ်ရေး သင်တန်းတွေ ပြုလုပ်ပေးခဲ့တာဟာ ရှေ့တန်းစစ်မြေပြင်တွေမှာ သော်လည်းကောင်း သဘာဝဘေး မီးဘေးတွေ အရေးပေါ်ကြုံတွေ့ချိန်မှာသော်လည်းကောင်း အချိန်မီ အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နိုင်ဖို့အတွက် အဓိကရည်ရွယ်ပြီး လုပ်ဆောင်ပေးခဲ့တာလို့ ခွန်းအလင်းက ဖြည့်စွက်ပြောဆိုထားပါတယ်။

အရေးပေါ်ကယ်ဆယ်ရေးသင်တန်းရဲ့ အပတ်စဥ် (၁)ကိုတော့ ၂၀၂၄ ခုနှစ် စက်တင်ဘာလနဲ့ အပတ်စဥ် (၂) ကို‌တော့ ၂၀၂၅ ခုနှစ် ဇန်နဝါရီ လအတွင်းမှာ ပြုလုပ်ပေးခဲ့တာရှိတယ်လို့လည်း သိရပါတယ်။

spot_img
spot_img

Recent posts