spot_img
14 C
Loikaw
Friday 23, January 2026
spot_img
Homeမာလ်တီမီဒီယာကနျားမော်ဖောင်ဒေးရှင်းတည်ထောင်သူ ဖြစ်သလို Drummer တစ်ဦးဖြစ်တဲ့ ကရင်နီလူငယ်အမျိုးသမီး မော်ရီးရီ နဲ့ ကန္တာရဝတီတိုင်း(မ်) ရဲ့ Free Talk

ကနျားမော်ဖောင်ဒေးရှင်းတည်ထောင်သူ ဖြစ်သလို Drummer တစ်ဦးဖြစ်တဲ့ ကရင်နီလူငယ်အမျိုးသမီး မော်ရီးရီ နဲ့ ကန္တာရဝတီတိုင်း(မ်) ရဲ့ Free Talk

-

ကန္တာရဝတီတိုင်း(မ်)

ကန္တာရဝတီတိုင်း(မ်) ရဲ့ free talk အစီအစဉ်ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။
ဒီတပတ်ရဲ့ Free Talk အစီအစဉ်မှာ ဧည့်သည်တော်အဖြစ် ပါဝင်လာတဲ့သူကတော့ ကနျားမော်ဖောင်ဒေးရှင်းတည်ထောင်သူ ဖြစ်သလို Drummer တစ်ဦးဖြစ်တဲ့ ကရင်နီလူငယ်အမျိုးသမီး မော်ရီးရီ ဖြစ်ပါတယ်။ မော်ရီးရီ ဟာ ကန္တာရဝတီတိုင်း(မ်) ရဲ့ free talk အစီစဉ်မှာ ပထမ ဦးဆုံး ပါဝင်ပေးတဲ့ အမျိုးသမီးတစ်ဦးလည်း ဖြစ်ပါတယ်။

မော်ရီးရီ ဟာ အာဏာမသိမ်းခင်က တိုင်းရင်းသားအမျိုးသမီးလူငယ်တွေ စုပေါင်းဖွဲ့စည်းထားတဲ့ Band တစ်ခုမှာ Drum တီးခတ်သူ အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်မှာတော့ သပိတ်ဦးဆောင်သူအဖြစ် ပါဝင်ခဲ့တဲ့အပြင် စစ်ကြောင့် တိမ်းရှောင်နေကြရတဲ့ ကရင်နီစစ်ရှောင်လူထုတွေကို ကူညီပေးနိုင်ဖို့ လူငယ်တွေကို ဦးဆောင်ပြီး ကနျားမော်ဖောင်ဒေးရှင်းကို တည်ထောင်ခဲ့ပါတယ်။

လက်ရှိမှာတော့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ရဲ့ လူသားချင်းစာနာထောက်ထားရေးနှင့် ပြန်လည်ထူထောင်ရေးဌာနမှာလည်း ဒု- ဌာနမှူးအဖြစ် တာဝန်ယူထားတာ ဖြစ်ပါတယ်။ လက်ရှိမှာ ကနျားမော်ဖောင်ဒေးရှင်း ရဲ့ ဆောင်ရွက်ချက်တွေ ဘယ်လိုရှိပါသလဲ။ စစ်ရှောင်တွေရဲ့ စိန်ခေါ်မှု၊ လိုအပ်ချက် အခြေအနေတွေနဲ့ မော်ရီးရီ အနေနဲ့ Drum တီးခတ်တာကို စိတ်ဝင်စားမယ့် လူငယ်တွေကို ဘယ်လိုဆွဲခေါ်ပေးသွားမလဲ စတာတွေကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

အပြည့်အစုံကို အောက်ပါဗီဒီယိုမှာ ကြည့်ရှု့နိုင်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ