KT-FM ကရင်နီဘာသာ အစီအစဉ် မေလ ( ၂၂ ) ရက်၊ ၂၀၂၆ ခုနှစ်(သောကြာနေ့)
ဒီကနေ့ ထုတ်လွင့်မယ့် သတင်းအကြောင်းအရာတွေကတော့
– IEC ရဲ့ ကုန်သွယ်ရေး၊ ရင်းနှီးမြုပ်နှံမှုနဲ့ ပို့ဆောင်ဆက်သွယ်ရေး ဌာနမှာ လစ်လပ်နေရာ ၁၁ နေရာအတွက် ဝန်ထမ်းခေါ်ယူ
– မိုးဗြဲမှာ မြေပြင်တိုက်ပွဲ နေ့စဉ် ရှိနေတာကြောင့် လူထုတွေ လုံခြုံရေး သတိရှိကြဖို့ မိုးဗြဲ PDF အသိပေး
– တောင်ကြီး စစ်ကော်မရှင်တပ်အတွက် စစ်သုံးစရိတ် တအိမ်လျှင် တစ်လ ၃ သောင်းကောက်
– စစ်ဒဏ်သင့် နန်းနိမ့်ကျေးရွာတွင် နေအိမ်မပြင်နိုင်သေးဘဲ နေရပ်ပြန်နေရ ဆိုတဲ့ သတင်းနဲ့အတူ “အသက်တဖွာ၊ ဝမ်းတထွာ ရှင်သန်နေကြရသူများ” ဆိုတဲ့ ဆောင်းပါးနဲ့အတူ မိုးလေးဝသ သတင်း၊ ကယန်းဘာသာနှင့် ကယောဘာသာ အစီအစဉ်နဲ့နောက်ဆုံးရ သတင်းများကို ဆက်လက်တင်ပြ ပေးသွားမှာ ဖြစ်ပါတယ်။
KT-FM ကရင်နီဘာသာအစီအစဉ်ကို မနက် ၇း၀၀ မှ ၈းဝဝ ထိ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေပါတယ်




