Kayah Radio June 3rd Week

အပတ်စဉ် တင်ဆက်နေကျ တိုင်းရင်းသားဘာသာ ရေဒီယို အစီအစဉ် (ကယား)
(တနင်္ဂနွေနေ့ ည ၇ နာရီတိုင်း)
ယခုတစ်ပတ်မှာတော့ ဒီးမော့ဆိုမြို့နယ်က ကွိုင်ငံရေထွက်ပေါက် ချောင်းတစ်လျှောက် မြေပြိုမှုဖြစ်ပွားခဲ့တယ်ဆိုတဲ့သတင်း၊ ယာဉ်မှတ်ပုံတင်ပြုလုပ်ခြင်းနဲ့ သက်တမ်းတိုးဝန်ဆောင်မှုလုပ်ငန်းတွေကို ဇွန်လ ၈ ရက်နေ့ကစပြီး ပြန်လည်ဆောင်ရွက်နေပြီလို့ လွိုင်ကော်မြို့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ပြောဆိုလိုက်တဲ့သတင်းနဲ့ “ပဋိပက္ခအလွန်မှာ ရှင်သန်ချင်သူများ” ဆိုတဲ့ ဆောင်းပါးလေးအပြင် အပတ်စဉ် သီချင်းလက်ဆောင်အစီအစဉ်ကနေ ကယားသီချင်းကောင်းလေး တစ်ပုဒ်ကို ထုတ်လွှင့် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

Comments

comments

Next Post

လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ ကျေးလက်တွေမှာ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအတွက် ကျန်းမာရေး ဝန်ဆောင်မှု လိုအပ်နေဆဲ

Mon Jun 15 , 2020
အန်ထော်နီ ကယား(ကရင်နီ) ပြည်နယ်အတွင်းက လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ ကျေးလက်ဒေသတွေမှာ နေထိုင်တဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှု ကလိုအပ်ချက်တွေရှိသေးတယ်လို့ မော်ချီးဒေသ ပပွာကလူ လူမှု ဖွံ့ဖြိုးရေးအသင်းက ဒေါ်မာကရက်စိန်က ပြောပါတယ်။ “ ကျေးလက်ဒေသမှာဆိုရင်တော လမ်းပန်းဆက်သွယ်ရေးအခက်အခဲဆေတွေရှိမယ်။ နောက်ပြီးတော့ ဝန်ထမ်းအင်အားတွေရှိနေပေမယ့် ဝန်းထမ်းသွားရမယ့် ခရီးမှာလှုံခြုံရေးတွေလိုအပ်တယ်။ အဲ့တာကြောင့်မို့အမျိုးသမီးကိုယ်ဝန်ဆောင်တွေမှာဆိုရင် ကာကွယ်ဆေး ပြည့်ပြည့်ဝဝ ထိုးပေးနိုင်ဖို့အတွက် လိုအပ်ချက်တွေရှိနေတယ်လို့ကျမမြင်တယ်ပေါနော။” လို့ မော်ချီးဒေသ ပပွာကလူ လူမှုဖွံဖြိုးရေးအသင်း က ဒေါ်မာကရက်စိန်ကပြောပါတယ်။ ကျေးလက်နေ လူဦးရေ ၇၅ ရာခိုင်နှုန်းရှိတဲ့ ကယားပြည်နယ်မှာ အစိုးရဆီက ကျန်းမာရေး ဝန်ဆောင်မှု ကို ကျေးလက်ဒေသတွေမှာ အပြည့်အဝ မရှိဘူးလို့ ဒေါ်မာကရက်စိန်ကပြောပါတယ်။ အစိုးရဖက်ကတော့ […]