Kayan Radio August 3rd Week

အပတ်စဉ် တင်ဆက်နေကျ တိုင်းရင်းသားဘာသာ ရေဒီယို အစီအစဉ် (ကယန်း)
(တနင်္လာနေ့ ည ၇ နာရီတိုင်း)
ယခုတစ်ပတ်မှာတော့ ပြစ်ဒဏ်ကျခံပြီးသွားတဲ့ တောင်သူတွေကို တပ်မတော်က ထပ်မံ ပြင်ဆင်ချက်တက်တဲ့ အမှု ပလပ်ခံလိုက်ရတယ်ဆိုတဲ့သတင်း၊ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီဥက္ကဌမှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံခြင်းမှာ ပါတီသဘောထားမဟုတ်ကြောင်း ပြောဆိုလိုက်တဲ့ သတင်းနဲ့ ကရင်နီတောင်တွေ စိုက်ပျိုးမြေမရှိတဲ့အတွက် ဒုက္ခရောက်နေကြတဲ့ အကြောင်းကို ရေးသားထားတဲ့ ဆောင်းပါးလေးအပြင် အပတ်စဉ် သီချင်းလက်ဆောင်အနေဖြင့် ခွန်းငယ်လေးကိုယ်တိုင်ဖန်တီးရေးစပ်ထားပြီး ကိုယ်တိုင်သီဆိုထားတဲ့ ‘Mu Kayan’ ဆိုတဲ့ အသစ်စက်စက် သီချင်းကောင်းတစ်ပုဒ်ကို ရွေးချယ် ထုတ်လွှင့်တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

Comments

comments

Next Post

Facility Quarantine ဝင်ရောက်သူတွေထဲမှာ ထိုင်းပြန် အများဆုံးဖြစ်

Tue Aug 18 , 2020
နော်ဒွေးအယ်ခူ ကယားပြည်နယ် Facility Quarantine ဝင်ရောက်နေသူတွေထဲမှာ ထိုင်းနိုင်ငံကနေပြန်လာသူ အများဆုံးဖြစ်တယ်လို့ ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရဲ့ အချက်အလက်အရ သိရပါတယ်။ “၃လပိုင်း လကုန်ကနေ Quarantine တွေစလုပ်ကတည်းကနေ စုစုပေါင်း တခြားတိုင်းပြည်ကနေ ကယားပြည်နယ်ကိုပြန်လာတဲ့ ပြည်တွင်းကိုပြန်လာတာ သူများတွေမှာ အများကြီးဖြစ်ပေမယ့် ကျတော်တို့ဆီမှာ တအားကြီးမရှိပါဘူး။ စုစုပေါင်းမှ ပြန်လာတဲ့လူဦးရေက Quarantine ထားတာ (၆၃၀)ပဲရှိပါတယ်။ အများဆုံးကတော့ ထိုင်းနိုင်ငံကပြန်လာတာဖြစ်ပါတယ်။” လို့ ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်ကပြောပါတယ်။ မေလ ၂ရက်နေ့ကနေ သြဂုတ်လ ၁၆ ရက်နေ့အထိ မြဝတီဂိတ်ကနေတစ်င့် ကယားပြည်နယ်ထဲကို ပြန်လာသူ ၃၉၇ ဦးရှိခဲ့တယ်လို့ ကယားပြည်နယ်အစိုးရအဖွဲ့ရုံးရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြပါရှိပါတယ်။ ဧပြီလ ၁၅ရက်နေ့ကနေ သြဂုတ်လ ၁၇ရက်နေ့အထိ COVID-19 […]