spot_imgspot_imgspot_imgspot_img
Thursday, July 10, 2025
spot_imgspot_imgspot_imgspot_img

KNDF အမှတ် (၈) တပ်ရင်း ၄ နှစ်အတွင်း ရဲဘော် (၂၁) ဦး ကျဆုံးခဲ့ဟုဆို

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF အမှတ် (၈) တပ်ရင်း ဖွဲ့စည်းတည်ထောင်ခြင်း(၄)နှစ်ပြည့်အတွင်း ရဲဘော်(၂၁) ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇူလိုင်လ ၈ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ကာ ယမန်နေ့ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့မှာ ၄နှစ်ပြည့်ခဲ့တာပါ။
အဆိုပါ တော်လှန်ရေးကာလ ၄ နှစ်အတွင်းမှာ ကျဆုံး ရဲဘော် (၂၁ )ဦး အပြင် ကိုယ်လက် အင်္ဂါ ဆုံးရှုံးခဲ့ရတဲ့ ရဲဘော်တွေလည်း များစွာရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်နေ့မှာလည်း ကရင်နီပြည် တိုက်ပွဲတစ်နေရာမှာ စစ်ကောင်စီက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် KNDF တပ်ရင်း (၈)က ဒု-ရင်းမှုး အပါအဝင် ရဲဘော် (၃)ဦးကျဆုံး ခဲ့တာရှိပါတယ်။

ကျဆုံးသွားသော အာဇာနည် ရဲဘော် နဲ့ ကိုယ်လက်အင်္ဂါ ပေးဆပ်ခဲ့ရတဲ့ ရဲဘော်တွေအားလုံးကိုလည်း တပ်ရင်းကနေ လေးစားဂုဏ်ယူလျက်ရှိပြီး ကျန်ရှိနေတဲ့ ရဲဘော်တွေနဲ့ အတူ တော်လှန်ရေးကို အဆုံးထိတော်လှန်သွားမည်ဖြစ်ကြောင်း ကိုလည်း KNDF အမှတ်(၈) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

spot_img

Recent posts