spot_img
Monday, May 16, 2022
spot_img

KNDF B-10 ရဲဘော်တစ်ဦး လက်နက်ကြီးထိမှန်ပြီး ကျဆုံး

ကန္တာရဝတီတိုင်း(မ်)

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် ( KNDF ) တပ်ရင်း ၁၀မှ ရဲဘော်တစ်ဦး လက်နက်ကြီးထိမှန်ပြီး ဒီနေ့ ( ဧပြီလ ၁၀ရက်နေ့ ) မနက် ၂နာရီအချိန်မှာ ကျဆုံးသွားတယ်လို့ KNDF B-10 က ထုတ်ပြန်ထားပါတယ်။

ရှေ့တန်းတစ်နေရာမှာ တာဝန်ထမ်းဆောင်ရင်း ယမန်နေ့ ဧပြီလ ၉ရက်နေ့ နံနက် ၉နာရီဝန်းကျင်အချိန် စစ်ကောင်စီက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ထိမိခဲ့တာဖြစ်ပါတယ်။

ကျဆုံးသွားသူမှာ KNDF B-10က ခွဲ ၁ ၊ စု ၃ ၊ စုမှူးအဖြစ် တာဝန်းထမ်းဆောင်းနေတဲ့ ရဲဘော်သျားရယ်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၄ရက်နေ့မှာလည်း ဒီးမော့ဆိုမြို့နယ် ထူးလွီးဘီလာကျေးရွာတိုက်ပွဲအတွင်း KNDF B-01 က ရဲဘော် မိုင်ကယ် ကျဆုံးသွားခဲ့ပါတယ်။

ကရင်နီပြည်မှာ အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တော်လှန်တဲ့ တိုက်ပွဲတွေမှာ ကရင်နီဒေသခံကာကွယ်ရေးတပ်ဖွဲ့ က ၁၀၁ဦးကျဆုံးပြီး KNDF တစ်ဖွဲ့ထဲကို ၃၆ဦးကျဆုံးတယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု ( PKPF ) ကဧပြီလ ၃ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

spot_imgspot_imgspot_imgspot_img

More from the blog

စစ်ကောင်စီတပ်မှ ပြည်သူများကိုအသုံးချပြီး ပစ္စည်းသယ်ယူနေတာကြောင့် ရှားတော-လွိုင်ကော်လမ်းကို ယာယီပိတ်ထား

ကန္တရ၀တီတိုင်း(မ်) စစ်ကောင်စီတပ်ဟာ ခရီးသွားလာနေတဲ့ပြည်သူတွေကို အသုံးချပြီး ကြားဖြတ်ရိက္ခာတွေ သယ်ယူ ခိုင်းနေတာကြောင့် ရှားတော-လွိုင်ကော်လမ်းကို မေလ ၁၆ ရက်က စပြီး ယာယီပိတ်ထားကြောင်း KNDF B-17က ထုတ်ပြန်ထားပါတယ်။ “သူတို့က ပေါ်တင်မလှုပ်ရှားဘဲနဲ့ ပြည်သူလူထုထဲကနေပြီး ရိက္ခာသယ်ခိုင်းတဲ့ဟာမျိုးတွေ ပြည်သူထဲကနေ လှုပ်ရှားတဲ့ခါကျတော့ ကျမတို့အတွက်အဆင်မပြေလို့ အဲဒါလေးတွေဖျက်ချင်လို့ပဲ ဒီလမ်းကို ကျမတို့ပိတ်ထားရတာဖြစ်တယ်”...

ဖယ်ခုံအင်းအရှေ့ဘက်ခြမ်းကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်၊ နှစ်ဖက် ကျဆုံးမှုရှိ

ကန္တာရဝတီတိုင်း( မ် ) ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံအင်းရှေ့ဘက်ခြမ်းကျေးရွာတွေမှာ ယမန်နေ့(မေလ ၁၅ ရက်နေ့ ) က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းသုံးပြုပြီး သုံးကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ ဖယ်ခုံ PDF တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ “ ဂျက်တိုက်လေယာဉ်ကတော့ နှစ်စီးဗျ။ သူတို့ ဗုံးကျဲတာကတော့ သုံးခေါက်ကျဲသွားတယ်။...

မူးယစ်ဆေးသုံးနေတဲ့ ပြည်သူတစ်ဦးကို KNDF B-10 ထိန်းသိမ်းထား

ကန္တာရဝတီတိုင်း(မ်) မေလ ၁၂ ရက်နေ့က ဒီးမော့ဆိုမြို့နယ် ကရင်နီတပ်မတော် KA ၊ အမှတ်(၁)ခရိုင်ထဲက ကျေးရွာတစ်ရွာ မှာ မိသားစုဝင်က လာရောက်တိုင်ကြားတဲ့အတွက် မူးယစ်ဆေး သုံးစွဲနေတဲ့ ပြည်သူတစ်ဦးကို သွားရောက်ခေါ်ဆောင် ပြီး ထိန်းသိမ်းထားနေတယ်လို့ KNDF B-10 တပ်ရင်းမှူးက ပြောပါတယ်။ “ ကျနော်တို့ သူ့ကို...

ဒီမော့ဆိုအရှေ့ဖက်ခြမ်းမှာ မူးယစ်ဆေးဝါးအလုံး (၃၀၀၀) ခန့် ဖမ်းဆီးရမိ

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည် ဒီးမော့ဆိုအရှေ့ဖက်ခြမ်းရှိ အမှတ် (၁) ခရိုင်မှ ကရင်နီတပ်မတော် KA/ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF B-09 တို့ ပူးပေါင်းပြီး မေလ ၁၅ ရက်နေ့ ညနေ (၇) နာရီ ဝန်းကျင်မှာ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသူ သုံးဦးထံကနေ ဆေးပြား အလုံး (၃၀၀၀)...