spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

KT-FM ကရင်နီဘာသာ အစီအစဉ် ဇန်နဝါရီလ ( ၂၉ )  ရက်၊ ၂၀၂၄ ခုနှစ် (တနင်္လာနေ့ )

KT-FM ကရင်နီဘာသာ အစီအစဉ် ဇန်နဝါရီလ ( ၂၉ )  ရက်၊ ၂၀၂၄ ခုနှစ် (တနင်္လာနေ့ )
ဒီကနေ့ ထုတ်လွင့်မယ့် သတင်းအကြောင်းအရာတွေကတော့
– လွိုင်ကော် နှစ်ထပ်ဈေးမီးလောင်မှုဟာ စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာဖြစ်ကြောင်း IEC ပြော
– မော်ချီးဒေသကို စစ်ကောင်စီတပ်တွေဆုတ်ခွာ၊ စစ်ကောင်စီရဲ့ စခန်းတချို့ကို တော်လှန်ရေးတပ်ဖွဲ့တွေ မီးရှို့
– အသက်၊ အိုးအိမ်၊ စည်းစိမ်တွေ ဆုံးရှုံးသွားတဲ့ ပြည်သူတွေကို ဥပဒေအရ ကုစားပေးဖို့ ပြင်ဆင်သွားမယ်လို့ IEC ပြည်နယ်တရားသူကြီးချုပ် ဆို

ဆိုတဲ့သတင်းတွေနဲ့အတူ “သားတွေကို အရင်သင်္ဂြိုလ်လိုက်ရတယ် ” ဆိုတဲ့ ဆောင်းပါးနဲ့
၊ ကယန်းဘာသာ အစီစဉ်၊ ကရင်နီ သီချင်း ကောင်းလေးများ၊ နောက်ဆုံးရသတင်းများကိုပါ ဆက်လက်တင်ပြပေးသွားမှာဖြစ်ပါတယ်။ ပုံမှန်ထုတ်လွှင့်နေတဲ့ ဘာသာ က‌ယောဘာသာ အစီအစဉ်ကို အင်တာနက်လိုင်းအဆင်မပြေမှုကြောင့် လက်ရှိအချိန်မှာ ခေတ္တရပ်နားမှာဖြစ်ကြောင်း အသိပေးအပ်ပါတယ်။ အဲဒီအစီအစဉ်အစား ” သိထားသင့်သော သားဆက်ခြားနည်း (သို့မဟုတ်) သန္ဓေတားနည်းများ” ဆိုတဲ့ ‌ကျန်းမာရေးဆောင်းပါးနဲ့ တေးသီချင်းတွေကို ထုတ်လွင့်ပေးသွားမှာဖြစ်ပါတယ်။

KT-FM ကရင်နီဘာသာအစီအစဉ်ကို ညနေ ၇း၀၀ မှ ၈းဝဝ ထိ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်း-ကရင်နီနယ်စပ်မှာ  FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းမှာ FM ရေဒီယိုလိုင်း 108 mhz ထုတ်လွှင့်ပေးနေပါတယ်။

spot_img
spot_img