spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

KT-FM ကရင်နီဘာသာ အစီအစဉ် ဒီဇင်ဘာလ ( ၁ ) ရက်၊ ၂၀၂၃ ခုနှစ် ( သောကြာနေ့ )

KT-FM ကရင်နီဘာသာ အစီအစဉ် ဒီဇင်ဘာလ ( ၁ ) ရက်၊ ၂၀၂၃ ခုနှစ် ( သောကြာနေ့ )
ဒီကနေ့ ထုတ်လွင့်မယ့် သတင်းအကြောင်းအရာတွေကတော့
– ၂၉ ရက်နေ့ တရက်အတွင်း လွိုင်ကော်မြို့ပေါ်ကို အကြိမ်ရေ ၆၀ခန့် စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်
– ဒီးမော့ဆိုမြို့မ ရဲစခန်းက စစ်ကောင်စီတပ်သားတွေ တပ်ဆုတ်သွား
– ဆီဆိုင်မြို့ နယ်က ကရင်နီစစ်ရှောင် ၁သောင်းအတွက် အလှူရှင်မရှိသေး၊ စားနပ်ရိက္ခာနဲ့ နေရာထိုင်ခင်း အခက်အခဲကြုံ
– ဖယ်ခုံ-မိုးဗြဲအခြေစိုက် မဟာမိတ်ပူးပေါင်းအင်အားစု (၈)ဖွဲ့ကနေ (၁၁.၁၁) စစ်ဆင်ရေးမှာ လိုအပ်တဲ့ လက်နက်ခဲယမ်းအတွက် “ကရင်နီ တံခါး” ကမ်ပိန်းပြုလုပ်
– စစ်ဘေးရှောင်တွေရဲ့ တစ်ပိုင်တစ်နိုင် မွေးမြူထားတဲ့ ဝက်တွေ ဖျားနာပြီး သေဆုံးနေ

ဆိုတဲ့သတင်းတွေနဲ “မိထော် နဲ့ ကိန္နရီ တို့ ညီအစ်မနှစ်ယောက်ရဲ့ တော်လှန်ရေးခရီး” ဆိုတဲ့ဆောင်းပါးနဲ့အတူ၊ ကယန်းဘာသာ အစီအစဉ်၊ နောက်ဆုံးရသတင်းများကိုပါ ဆက်လက်တင်ပြပေးသွားမှာဖြစ်ပါတယ်။

KT-FM ကရင်နီဘာသာအစီအစဉ်ကို ညနေ ၇း၀၀ မှ ၈းဝဝ ထိ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်း-ကရင်နီနယ်စပ်မှာ  FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းမှာ FM ရေဒီယိုလိုင်း 108 mhz ထုတ်လွှင့်ပေးနေပါတယ်။

spot_img
spot_img