spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

KT-FM ကရင်နီဘာသာ အစီအစဉ် ဒီဇင်ဘာလ ( ၁၀  ) ရက်၊ ၂၀၂၃ ခုနှစ် ( တနင်္ဂနွေနေ့ )

KT-FM ကရင်နီဘာသာ အစီအစဉ် ဒီဇင်ဘာလ ( ၁၀  ) ရက်၊ ၂၀၂၃ ခုနှစ် ( တနင်္ဂနွေနေ့ )
ဒီကနေ့ ထုတ်လွင့်မယ့် သတင်းအကြောင်းအရာတွေကတော့
– လွိုင်ကော် သီရိမင်္ဂလာဈေး (တောင်ဈေး) လက်နက်ကြီးကြောင့် မီးလောင် ပြာကျ
– ဆီဆိုင်မြို့နယ်ထဲက စက်သုံးဆီဆိုင်တချို့မှာ ရပ်ကွက်ထောက်ခံစာနဲ့ ဆီဝယ်ယူနေရ
– လွိုင်ကော်မြို့ပေါ်မှာ ယမန်နေ့က လက်နက်ကြီးကြောင့် အရပ်သား သေဆုံးမှုရှိ
– လွိုင်ကော်မြို့မှာ ၁ လေးလုံးစစ်ဆင်ရေးရဲ့ ၂၆ ရက်မြောက်နေ့အထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေ
စတဲ့ သတင်းတွေ အပါအဝင် “ကရင်နီမှာ ကျနော်/ကျမတို့အတွက် ထပ်ပြေးစရာ လုံခြုံနေရာမရှိတော့ဘူး” ဆိုတဲ့ ဆောင်းပါးနဲ့အတူ၊ နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။ ပုံမှန်ထုတ်လွှင့်နေတဲ့ ကယန်းဘာသာအစီီအစဉ်ကို အင်တာနက်လိုင်းအဆင်မပြေမှုကြောင့် လက်ရှိအချိန်မှာ ခေတ္တရပ်နားမှာဖြစ်ကြောင်း အသိပေးအပ်ပါတယ်။ အဲဒီအစီအစဉ်အစား  ” အမျိုးသမီးတွေမှာအဖြစ်များတဲ့ သားအိမ်ခေါင်းကင်ဆာနှင့် ရင်သားကင်ဆာ” ဆိုတဲ့ ‌ကျန်းမာရေးဆောင်းပါးနဲ့ တေးသီချင်းတွေကို ထုတ်လွင့်ပေးသွားမှာဖြစ်ပါတယ်။

KT-FM ကရင်နီဘာသာအစီအစဉ်ကို ညနေ ၇း၀၀ မှ ၈းဝဝ ထိ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်း-ကရင်နီနယ်စပ်မှာ  FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းမှာ FM ရေဒီယိုလိုင်း 108 mhz ထုတ်လွှင့်ပေးနေပါတယ်။

spot_img
spot_img