spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

KT-FM ကရင်နီဘာသာ အစီအစဉ် ဧပြီလ ( ၁၄ )  ရက်၊ ၂၀၂၄ ခုနှစ် (တနင်္ဂနွေနေ့)

ဒီကနေ့ ထုတ်လွင့်မယ့် သတင်းအကြောင်းအရာတွေကတော့
– ဖားဆောင်းမြို့ကို စစ်ကူလာတဲ့ စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့ ကြားဖြတ်တိုက်ခိုက်ပြီး ဗျူဟာမှူး၊ စစ်ကြောင်းမှူးအပါအဝင် ၅၆ ဦးကို တော်လှန်ရေးတပ်ဖွဲ့တွေ ဖမ်းဆီးရမိ
– စစ်ကောင်စီရဲ့လေယာဉ်ဗုံးကြဲမှုကြောင့် ၃နှစ်အရွယ်ကလေးငယ်အပါအဝင် ၃ဦးသေဆုံး၊ ၅ဦးထိခိုက်ဒဏ်ရာရ
– ဒီးမော့ဆိုမြို့နယ်၊ အရှေ့ဘက်ခြမ်းမှာ အစဉ်အလာမပြတ် ကရင်နီ ရိုးရာ ကေ့ထျိုးဘိုး ( ခေါ် ) တံခွန်တိုင်ပွဲ ပြုလုပ်
စတဲ့သတင်းတွေအပါအဝင် ဒေသတွင်းသတင်းနဲ့ နိုင်ငံတကာသတင်းတွေ
– ကျန်းမာရေးကဏ္ဍကနေပြီး  “စစ်ရဲ့အကျိုးဆက် ညဖက်အိပ်မပျော်တာတွေကို ဘယ်လို ကုစားမလဲ” ဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီး ဒေါက်တာစိုးရန်နိုင်နဲ့ ဆက်သွယ်မေးမြန်းခြင်း” ကိုကြားကြရပါမယ်။ ဒါ့အပြင် ကရင်နီဒေသတွင်း သီချင်းတွေကိုလည်း နားဆင်ရမှာဖြစ်ပါတယ်။  

KT-FM ကရင်နီဘာသာအစီအစဉ်ကို ညနေ ၇း၀၀ မှ ၈းဝဝ ထိ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်း-ကရင်နီနယ်စပ်မှာ  FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းမှာ FM ရေဒီယိုလိုင်း 108 mhz ထုတ်လွှင့်ပေးနေပါတယ်။

spot_img
spot_img