spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

KT-FM ကရင်နီဘာသာ အစီအစဉ် ဩဂုတ်လ ( ၉ ) ရက်၊ ၂၀၂၃ ခုနှစ် ( ဗုဒ္ဓဟူးနေ့ )

KT-FM ကရင်နီဘာသာ အစီအစဉ် ဩဂုတ်လ ( ၉ ) ရက်၊ ၂၀၂၃ ခုနှစ် ( ဗုဒ္ဓဟူးနေ့ )
ဒီကနေ့ ထုတ်လွင့်မယ့် သတင်းအကြောင်းအရာတွေကတော့
– ဒီးမော့ဆိုမှာ ၃၅နှစ်မြောက် ၈လေးလုံး အထိမ်းအမှတ် အခမ်းအနားပြုလုပ်
– လေယာဉ်ဗုံးကြဲခံရမှုကြောင့် တောတောင်ထဲ ပုန်းခိုနေတဲ့ ဖရူဆိုစစ်ရှောင် ၁၃၀၀ ကျော်အတွက် အရေးပေါ်မိုးကာ နဲ့ ခြင်ထောင်တွေလိုအပ်
– ထီးပေါ်ဆိုကျေးရွာ အနီး လက်နက်ကြီးကျရောက်ပေါက်ကွဲ၊ နွားကျောင်းနေတဲ့ အမျိုးသားတစ်ဦး ထိမှန်
– တိုက်ပွဲအတွင်းကျဆုံးခဲ့တဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်း(၆) မှ ရဲဘော် ညားရယ် ဈာပန ပြုလုပ်
– ဒီးမော့ဆို – ဖရူဆို ပြည်ထောင်စုလမ်းမကြီးကို စစ်ကောင်စီထိန်းချုပ်နိုင်ဖို့ စစ်ကြောင်းထိုးလာတဲ့အတွက် တိုက်ပွဲပြင်းထန်နေ

ဆိုတဲ့သတင်းတွေနဲ့ “စစ်တပ်အာဏာသိမ်းမှု နှစ်နှစ်ခွဲအတွင်းက စစ်တပ်မြို့တော် ဘောလခဲ” ဆိုတဲ့ ဆောင်းပါး၊ ကရင်နီအမျိုးသား ခုခံတော်လှန်ရေးနေ့ရဲ့ voxpop အစီအစဉ်၊ ကရင်နီ သီချင်းကောင်းလေးများ၊ နောက်ဆုံးရသတင်းများကိုပါ ဆက်လက်တင်ပြပေးသွားမှာဖြစ်ပါတယ်။

KT-FM ကရင်နီဘာသာအစီအစဉ်ကို မြန်မာ စံတော်ချိန် ညနေ ၇း၀၀ မှ ၈းဝဝ ထိုင်းစံတော်ချိန် ညနေ ၇း၃၀ မှ ၈း၃၀ ထိ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်း-ကရင်နီနယ်စပ်မှာ  FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းမှာ FM ရေဒီယိုလိုင်း 108 mhz ထုတ်လွှင့်ပေးနေပါတယ်။

spot_img
spot_img