ဒီကနေ့ မနက်ပိုင်းမှာ KT-FM ကနေ နားဆင်ရမယ့်အစီအစဉ် တွေကတော့
– ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတစ်နေရာမှာ အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ညာခြေတစ်ဖက်ဆုံးရှုံး
– ဖယ်ခုံ-ပင်လောင်းနယ်စပ်မှာ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ရှောင် ၃ထောင်ဝန်းကျင် ထပ်မံ တိမ်းရှောင်ရ
– ဝယ်ဒူလျား စစ်ရှောင်စခန်းမှာ သွေးလွန်တုပ်ကွေးနဲ့ ရာသီတုပ်ကွေးဖြစ်ပွားသူ များနေ
–စစ်ကောင်စီ ကျင်းပတဲ့ တက္ကသိုလ်ဝင်တန်း ( Grade – 12 ) စာမေးပွဲ ကရင်နီပြည်မှာ မပြုလုပ်နိုင်စတဲ့သတင်းတွေနဲ့ ဒေသတွင်းသတင်းတွေ….
–အမျိုးသမီးကဏ္ဍကနေပြီး “တော်လှန်ရေးမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှု အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး IEC အတွေးရေးမှူး -၁ မဇူးပဒုမ္မာ နှင့် တွေ့ဆုံမေးမြန်းခြင်းကို ကြားကြရပါမယ်။ ဒါ့အပြင် ကရင်နီဒေသတွင်း သီချင်းတွေကိုလည်း နားဆင်ရမှာဖြစ်ပါတယ်။
KT-FM မြန်မာဘာသာအစီအစဉ်ကို ထိုင်းစံတော်ချိန် နေ့စဉ် မနက် ၇ နာရီ မှ ၇ နာရီ ၄၅ မိနစ်အထိ ထိုင်းနယ်စပ်နှင့် အနီးတစ်ဝှိုက်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်း မှာ FM ရေဒီယိုလိုင်း 108 mhz မှာ ဖမ်းယူနားဆင်နိုင်ပါတယ်။ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေပါတယ်။