spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

KT-FM မြန်မာဘာသာရေဒီယိုအစီအစဉ် ၊ ၂၀၂၃၊ ဩဂုတ်လ ၂၀ ရက်နေ့ ( ‌‌တနင်္ဂနွေနေ့)

ဒီကနေ့   မနက်ပိုင်းမှာ KT-FM ကနေ နားဆင်ရမယ့်အစီအစဉ် တွေကတော့
သတင်းတွေထဲက  …..
– မြန်မာငွေကျပ် ၁သိန်း ထိုင်းဘတ် (၉၃၅)ဘတ်အထိ ကျဆင်းနေပြီး ထပ်မံ ကျဆင်းလာနိုင်
– ကရင်နီပြည်က စစ်ကောင်စီတပ်သားတွေကို ရိက္ခာပို့နိုင်ဖို့ စစ်ကောင်စီကြိုးပမ်းမှုမအောင်မြင်သေး
– BGF တပ်ဖွဲ့အတွင်းက စစ်ကောင်စီတပ်သားနဲ့ မိသားစုဝင် ၁၅ ဦးကို တွေကို ပြန်လည်လွှဲပြောင်း
– ဖရူဆိုမြို့နယ်ရှိ တိုက်ပွဲတွေအတွင်း စစ်ကောင်စီဖက် တပ်ရင်းမှူးနဲ့ ဒု-တပ်ရင်းမှူးအပါအဝင် (၇၁)ဦး ထိခိုက်သေဆုံးပြီး ပူးပေါင်းတပ်ဖက် (၃)ဦးကျဆုံး
– မယ်စဲ့မြို့နယ်က စစ်ကောင်စီတပ်စခန်းတစ်ခုကို သိမ်းယူနေစဉ် လေကြောင်းတိုက်ခိုက် ခံရတာကြောင့် ပြန်လည်ဆုတ်ခွာခဲ့
စတဲ့သတင်းတွေအပါအဝင်  ဒေသတွင်းသတင်းတွေ…….
ကျန်းမာရေးကဏ္ဍကနေပြီး ကိုယ်ဝန်ဆောင်စဉ်အတွင်း လိုက်နာရမယ့် ကျန်းမာရေးစောင့်ရှောင်မှုအကြောင်း ဆရာဝန်တစ်ဦးနဲ့ တွေ့ဆုံမေးမြန်းထားတာကို ကြားကြရမှာြဖစ်ပါတယ်။ ဒါ့အပြင် ကရင်နီဒေသတွင်း သီချင်းတွေကိုလည်း နားဆင်ရမှာဖြစ်ပါတယ်။

KT-FM  မြန်မာဘာသာအစီအစဉ်ကို ထိုင်းစံတော်ချိန် နေ့စဉ် မနက် ၇ နာရီ မှ ၇ နာရီ ၄၅ မိနစ်အထိ ထိုင်းနယ်စပ်နှင့် အနီးတစ်ဝှိုက်မှာ  FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်း မှာ FM ရေဒီယိုလိုင်း 108 mhz  မှာ  ဖမ်းယူနားဆင်နိုင်ပါတယ်။  Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေပါတယ်။

spot_img
spot_img