spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

KT-FM မြန်မာဘာသာရေဒီယိုအစီအစဉ် ၊ ၂၀၂၃၊ စက်တင်ဘာ လ ၉ ရက်နေ့ ( ‌‌‌စနေနေ့)

ဒီကနေ့   မနက်ပိုင်းမှာ KT-FM ကနေ နားဆင်ရမယ့်အစီအစဉ် တွေကတော့
သတင်းတွေထဲက  …..
–  (၇၅) နှစ်မြောက် ကရင်နီအမျိုးသားအာဇာနည်နေ့ကို ကရင်နီတပ်မတော်ဌာနချုပ်မှာ ကျင်းပပြုလုပ်
– ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ ဝက်နာကျပြီး သေဆုံးမှုရှိနေ
–  မိုင်းနင်းမိတဲ့ ကလေးအတွက် ခြေတုတပ်ဖို့ အရေးပေါ် အလှူငွေလိုအပ်နေ
– ဒီးမော့ဆိုမြို့နယ် က စစ်ရှောင်စခန်းတချို့မှာ မိုးကာလိုအပ်မှုရှိနေဆဲ
စတဲ့သတင်းတွေနဲ့ အတူ ဒေသတွင်းသတင်းတွေ….
-မြန်မာအပါအဝင် နိုင်ငံတကာမှာ ဘာတွေဖြစ်နေသလဲဆိုတဲ့ တစ်ပတ်အတွင်း သတင်းကောက်နုတ်ချက်တွေကို ကြားကြရမှာဖြစ်ပါတယ်။ ဒါ့အပြင် ကရင်နီဒေသတွင်း သီချင်းတွေကိုလည်း နားဆင်ရမှာဖြစ်ပါတယ်။

KT-FM  မြန်မာဘာသာအစီအစဉ်ကို ထိုင်းစံတော်ချိန် နေ့စဉ် မနက် ၇ နာရီ မှ ၇ နာရီ ၄၅ မိနစ်အထိ ထိုင်းနယ်စပ်နှင့် အနီးတစ်ဝှိုက်မှာ  FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်း မှာ FM ရေဒီယိုလိုင်း 108 mhz  မှာ  ဖမ်းယူနားဆင်နိုင်ပါတယ်။  Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေပါတယ်။

spot_img
spot_img