spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

KT-FM မြန်မာဘာသာအစီအစဉ် ၊ ၂၀၂၃၊ မေလ ၂၃ ရက်နေ့ ( ‌‌အင်္ဂါနေ့)

ဒီကနေ့ ထုတ်လွှင့်မယ့် KT-FM မြန်မာဘာသာရေဒီယို အစီအစဉ်
သတင်းတွေထဲက …..
– ကယန်းလက်ဝှေ့မယ်ဘရော်နီကာက မွေထိုင်းလက်ဝှေ့မယ်ကို ပထမအချီမှာ အလှဲထိုး အနိုင်ရ
– လေကြောင်းတိုက်ခိုက်မှုကြောင့် (၁)ပတ်အတွင်း စာသင်ကျောင်း (၂)ကျောင်း အပါအဝင် လူနေအိမ် (၁၀) လုံးကျော် ပျက်စီး
– ဒီးမော့ဆိုအရှေ့ဖက်ခြမ်းမှာ (၆)ရက်ဆက်တိုက် စစ်ကောင်စီက လေကြောင်းသုံးတိုက်ခိုက်နေ
– ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်း တိုက်ပွဲအတွင်း KNDF ရဲဘော်လေးဦးကျဆုံး
စတဲ့ကရင်နီဒေသမှ နောက်ဆုံးရသတင်းတွေနဲ့ ဒေသတွင်းသတင်တွေနဲ့
– “ စက်သုံးဆီဈေးမြင့်တက်လို့ မလည်ပတ်နိုင်တော့တဲ့ ရွာမီးစက်” ဆိုတဲ့ဆောင်းပါးကို  ကြားကြရမှာဖြစ်ပါတယ်။ ဒါ့အပြင် ကရင်နီဒေသတွင်း သီချင်းတွေကိုလည်း နားဆင်ရမှာဖြစ်ပါတယ်။

FM မြန်မာဘာသာအစီအစဉ်ကို ထိုင်းစံတော်ချိန် နေ့စဉ် မနက် ၇ နာရီ မှ ၇ ခွဲ ၊ မြန်မာစံတော်ချိန် မနက် ၆ခွဲ  မှ ၇ နာရီအထိ  Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေပါတယ်။  ထိုင်း-ကရင်နီနယ်စပ်နှင့် ကရင်နီပြည်အတွင်းနေရာအချို့မှာတော့ ရေဒီယို (ဒါမှမဟုတ်) လက်ကိုင်ဖုန်းများဖြင့် FM ရေဒီယိုလိုင်း 100 mhz တွင် ဖမ်းယူနားဆင်နိုင်ပါတယ်။

 

spot_img
spot_img