ဒီကနေ့ ထုတ်လွှင့်မယ့် KT-FM မြန်မာဘာသာရေဒီယို အစီအစဉ်
သတင်းတွေထဲက …..
– ထိုင်း-ကရင်နီနယ်စပ်တစ်နေရာမှာ စစ်ကောင်စီနဲ့ KA ထိတွေ့တိုက်ပွဲဖြစ်၊ စစ်ကောင်စီဖက် တိုက်လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်
– ထီးလသူးခိုကျေးရွာမှာ ကလေးတွေယားယံမှုဖြစ်ပွားနေပြီး ဆေးကုသဖို့လိုအပ်
– မိုးရာသီရောက်ရှိတော့မှာ ဖြစ်တဲ့အတွက် စစ်ရှောင်စခန်းတွေမှာ အမိုးအကာ လိုအပ်မှုရှိ
– စစ်ရှောင်စခန်းတစ်နေရာမှာ ကြားကာလပညာရေး ပြည်သူ့အခြေပြုကျောင်းဆင်းပွဲ ပြုလုပ်
စတဲ့ကရင်နီဒေသမှ နောက်ဆုံးရသတင်းတွေနဲ့ ဒေသတွင်းသတင်တွေနဲ့
– တစ်နေ့ကျရင် ရွာမှာ မိသားစုစုံစုံလင်လင်နဲ့ ပြန်နေချင်တယ် ဆိုတဲ့ ဆောင်းပါးကို ကြားကြရမှာဖြစ်ပါတယ်။ ဒါ့အပြင် ကရင်နီဒေသတွင်း သီချင်းတွေကိုလည်း နားဆင်ရမှာဖြစ်ပါတယ်။
FM မြန်မာဘာသာအစီအစဉ်ကို ထိုင်းစံတော်ချိန် နေ့စဉ် မနက် ၇ နာရီ မှ ၇ ခွဲ ၊ မြန်မာစံတော်ချိန် မနက် ၆ခွဲ မှ ၇ နာရီအထိ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေပါတယ်