spot_imgspot_imgspot_imgspot_img
Friday, April 18, 2025
spot_imgspot_imgspot_imgspot_img

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ ဧပြီလ (၁) ရက်၊ (အင်္ဂါနေ့)

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ ဧပြီလ (၁) ရက်၊ (အင်္ဂါနေ့)
ဒီကနေ့ နားဆင်ရမှာကတော့
– ညောင်ရွှေမြို့နယ်မှာ ၂ ရက်အတွင်း စစ်ကောင်စီ ရဲ့ ဒရုန်းနဲ့ လက်နက်ကြီးကြောင့် နေအိမ် ၃လုံးထိခိုက်ပျက်စီးခဲ့
– စစ်ရှောင်စခန်းတစ်နေရာမှာ ဆယ်သဲကောလိပ် ကျောင်းဆင်းပွဲပြုလုပ်
– ဘောလခဲ ဝမ်မလန်းတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့ သိမ်းပိုက်ရရှိ
စတဲ့သတင်းတွေအပါအဝင် နောက်ဆုံးရသတင်းတွေနဲ့ မိုးလေဝါသသတင်း၊ ဒေသတွင်းသတင်းတွေနဲ့ သတင်းဆောင်းပါးတွေကို ကြားကြရမှာပါ။ အဲဒီနောက်မှာတော့ အပတ်စဉ်တင်ဆက်ပေးတဲ့  Local star အစီအစဉ်ကနေ “The Voice of Freedom သီချင်းဆိုပြိုင်ပွဲကြီးမှ တတိယဆုရှင် နော်ဖော” နဲ့ တွေ့ဆုံမေးမြန်းထားတာကို နာဆင်ရမှာပါရှင်….။

KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ညနေ ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ   FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ  FM ရေဒီယိုလိုင်း 108 mhz ၊ မယ်စဲမြို့နယ်မှာ 95.9 mhz  ထုတ်လွှင့်ပေးနေပါတယ်။

spot_img
spot_img