spot_imgspot_imgspot_imgspot_img
Monday, May 19, 2025
spot_imgspot_imgspot_imgspot_img

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ ဧပြီလ (၁၈) ရက်၊ (သောကြာနေ့)

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ ဧပြီလ (၁၈) ရက်၊ (သောကြာနေ့)
ဒီကနေ့ နားဆင်ရမှာကတော့
– ဖယ်ခုံတပ်ရင်း ( ၂ ) P3 – 1006 တပ်ရင်းက (၃)နှစ် အတွင်း ရဲဘော် ၃၁ ဦး ကျဆုံးခဲ့
– တပ်ရင်း ၈၀၁၊ ရဲဘော် ၆၀ ကျော် နုတ်ထွက်စာတင်ထားတဲ့အပေါ် တာဝန်ရှိသူတွေဘက်က တစုံတရာ တုန့်ပြန်မှု မရှိသေး
– ဒီးမော့ဆိုအနောက်ခြမ်းမှာ ယင်းဘော်လူမျိုးစုတွေရဲ့ (၄၃) ကြိမ်မြောက် ရိုးရာ တံခွန်တိုင်ပွဲကျင်းပ
– ဖရူဆိုအနောက်ခြမ်းမှာ သစ်ခွပန်းပင်ရောင်းဝယ်မှု များလာတာကြောင့် ရှာဖွေရောင်းချသူ ပိုများလာ
– ထိုင်း – ကရင်နီနယ်စပ်က စစ်ရှောင်စခန်းမှာ ဆန်ရိက္ခာ ထောက်ပံ့မှုမရှိတော့တာကြောင့် အခက်ကြုံ
စတဲ့သတင်းတွေအပါအဝင် ဒေသတွင်းသတင်းတွေနဲ့
“သဘာဝဘေး နဲ့ စစ်ဘေး တွေကြောင့် မြေစာပင်ဖြစ်ခဲ့ရတဲ့ မိသားစု”ဆိုတဲ့ဆောင်းပါးကိုလည်း ထုတ်လွှင့်တင်ဆက်ပေးပါမယ်။ အဲဒီနောက်မှာတော့ “ကုန်ဈေးနှုန်းသတင်း”ကိုလည်း နားဆင်ကြရဖို့ ရှိပါတယ်။

KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ညနေ ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ   FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ  FM ရေဒီယိုလိုင်း 108 mhz ၊ မယ်စဲမြို့နယ်မှာ 95.9 mhz  ထုတ်လွှင့်ပေးနေပါတယ်။

spot_img
spot_img