KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ မေလ (၆) ရက်၊ (အင်္ဂါနေ့)
ဒီကနေ့ နားဆင်ရမှာကတော့
– စစ်ကောင်စီကြေညာထားတဲ့ အပစ်ခတ်ရပ် ကာလအတွင်း ကရင်နီပြည်မှာ အရပ်သား ပြည်သူ ၁၃ ဦးသေဆုံး၊ ၂၀ ကျော် ထိခိုက်ဒဏ်ရာရ
– လွိုင်ကော်မြို့မှာ အမျိုးသမီး ၂ဦး မိုင်းနင်းမိ၊ တစ်ဦးမှာ ဘယ်ခြေတစ်ဖက်ဆုံးရှုံးခဲ့ရ
– မိုးဗြဲဆည်မြောင်းမှာ ငါးအစုအပြုံလိုက် သေဆုံး
– ဒေသခံတွေ ဆန္ဒပြကန့်ကွက်မှုကြောင့် မြင်းမထိသတ္တုတူးဖော်မှု လုပ်ငန်းကို ရပ်ဆိုင်းထား
– YAC ကျောင်းသားဟောင်းတွေ ဦးဆောင်တဲ့ အခြေခံအင်္ဂလိပ်စာ သင်တန်းနှစ်လတာ ပြီးစီး
စတဲ့သတင်းတွေအပါအဝင် မိုးလေဝသတင်းနဲ့ ဒေသတွင်းသတင်းတွေကို ကြားကြရမှာပါ။ အဲဒီနောက်မှာတော့ အပတ်စဉ်တင်ဆက်ပေးတဲ့ လူငယ်အစီအစဉ်ကနေ “မြို့အနာဂတ်ကို ကိုယ်တိုင်ပုံဖော်နေတဲ့ ဖေစိုးလေးလူငယ်တွေ“ ရဲ့ အကြောင်းကို နားဆင်ရမှာ ဖြစ်ပါတယ်ရှင်…..။
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ညနေ ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ FM ရေဒီယိုလိုင်း 108 mhz ၊ မယ်စဲမြို့နယ်မှာ 95.9 mhz ထုတ်လွှင့်ပေးနေပါတယ်။