KT-FM ကရင်နီဘာသာ အစီအစဉ် စက်တင်ဘာလ (၉) ရက်၊ ၂၀၂၅ ခုနှစ် (အင်္ဂါနေ့)
ဒီကနေ့ ထုတ်လွင့်မယ့် သတင်းအကြောင်းအရာတွေကတော့
– စစ်ကော်မရှင်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် ကရင်နီမှာ တစ်လ အတွင်း အရပ်သား ၃၅ ဦး သေဆုံး
– ဖရူဆိုမြို့နယ် အစွန်ဖျားက ကျေးရွာနှစ်ရွာမှာ ကလေးတွေ အရေပြားယားယံမှု အဖြစ်များ
– (၇၇) နှစ်မြောက် ကရင်နီအမျိုးသားအာဇာနည်နေ့ကို ကရင်နီပြည် တပ်မတော် ထိန်းချုပ်ရာနယ်မြေမှာ ကျင်းပပြုလုပ်
– တော်လှန်ရေးကာလအတွင်း အသက်ဆုံးရှုံးခဲ့ရတဲ့ CDM တွေရဲ့ မိသားစုဝင်တွေကို KCDM ကော်မတီက ကူညီဖို့ ဆောင်ရွက်နေ ဆိုတဲ့သတင်းတွေနဲ့ “ကရင်နီရဲ့ အနာဂတ်ကို ပုံဖော်ထုဆစ်မယ့် လူငယ် ” ဆိုတဲ့ ဆောင်းပါးနဲ့အတူ မိုးလေဝသသတင်း၊ ကုန်စျေးနှုန်းသတင်းနှင့် ယင်းတလဲဘာသာနဲ့ ကယားဘာသာ အစီအစဥ်နဲ့ နောက်ဆုံးရ သတင်းများကို ဆက်လက်တင်ပြ ပေးသွားမှာ ဖြစ်ပါတယ်။
KT-FM ကရင်နီဘာသာအစီအစဉ်ကို မနက် ၇း၀၀ မှ ၈းဝဝ ထိ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းမှာ FM ရေဒီယိုလိုင်း 108 mhz ထုတ်လွှင့်ပေးနေပါတယ်။