KT-FM ကရင်နီဘာသာ အစီအစဉ် စက်တင်ဘာလ (၁၆) ရက်၊ ၂၀၂၅ ခုနှစ် (အင်္ဂါနေ့)
ဒီကနေ့ ထုတ်လွင့်မယ့် သတင်းအကြောင်းအရာတွေကတော့
– UEC က ရွေးကောက်ပွဲ မကျင်းပနိုင်တော့တဲ့ မဲဆန္ဒနယ်ကို ကြေညာရာ ကရင်နီပြည်က သုံးမြို့နယ်ပါဝင်
– အကြမ်းဖက်မြန်မာလေတပ်က သရက်တစ်ပင်ရှိ အလွတ်သင်စာသင်ကျောင်းများကို ဗုံးကြဲ၍ ကျောင်းသားအများအပြားသေဆုံးပြီးနောက် ရခိုင်ပြည်တွင်းရှိ အလွတ်သင်ကျောင်းများအားလုံးနီးပါး ပိတ်ထားလိုက်ရ
– စစ်ကော်မရှင်ရဲ့ လက်နက်ကြီးကြောင့် ဒီးမော့ဆိုမှာ အရပ်သား ၃ ဦး ထိခိုက်သေဆုံး၊ ၃ ဦး ဒဏ်ရာရ
– ကရင်နီပြည်မှာ ၂၀၂၅ ခုနှစ်အတွင်း စစ်ရှောင်ဦးရေ ၃ သောင်း ထပ်မံတိုးလာပြီး အကူအညီ လိုအပ်ချက်တွေ များပြားနေ ဆိုတဲ့သတင်းတွေနဲ့ “စစ်ကော်မရှင်တပ် ကင်းစင်တဲ့ ရွာသစ်မြို့ရဲ့ နှစ်နှစ် ဝန်းကျင် အခြေအနေ“ ဆိုတဲ့ ဆောင်းပါးနဲ့အတူ မိုးလေဝသသတင်း၊ ကုန်စျေးနှုန်းသတင်းနှင့် ယင်းတလဲဘာသာနဲ့ ကယားဘာသာ အစီအစဥ်နဲ့ နောက်ဆုံးရ သတင်းများကို ဆက်လက်တင်ပြ ပေးသွားမှာ ဖြစ်ပါတယ်။
KT-FM ကရင်နီဘာသာအစီအစဉ်ကို မနက် ၇း၀၀ မှ ၈းဝဝ ထိ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းမှာ FM ရေဒီယိုလိုင်း 108 mhz ထုတ်လွှင့်ပေးနေပါတယ်။