KT-FM ကရင်နီဘာသာ အစီအစဉ် ဇူလိုင်လ (၁၈) ရက်၊ ၂၀၂၅ ခုနှစ် (သောကြာနေ့)
ဒီကနေ့ ထုတ်လွင့်မယ့် သတင်းအကြောင်းအရာတွေကတော့
– ဦးနှောက်အမြှေးပါးရောင်ရမ်းတာကြောင်း ၈တန်းကျောင်းသားတစ်ဦး ရုတ်တရက်သေဆုံး
– ဒီးမော့ဆိုမှာ မြေမြုပ်မိုင်းနင်းမိတဲ့ နွားတကောင်သေဆုံး
– မော်ချီးကို မကြာခန လေကြောင်းဗုံးကြဲမှုကြောင့် အလုပ်သမားတချို့ နေရပ်ပြန်၊ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေ
– ပင်လောင်း-ဖယ်ခုံ-မိုးဗြဲ-လွိုင်ကော် လမ်းမကြီးကို သွားလာလို့ရပြီဖြစ်ကြောင်း စစ်ကောင်စီထုတ်ပြန်ပေမဲ့ မြေပြင်မှာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေဆဲ
– မော်ချီးဒေသကို လေကြောင်းထပ်မံတိုက်ခိုက်ခဲ့၊ နေအိမ်တစ်လုံး ပျက်စီးခဲ့ပြီး ပြည်သူ ၅ ဦးထိခိုက်ဒဏ်ရာရ ဆိုတဲ့သတင်းတွေနဲ့ “စစ်မီးထဲကနေ ကရင်နီကို ခိုလှုံလာရသူများ ” ဆောင်းပါးနဲ့အတူ ကယန်းဘာသာ နှင့် ကယောဘာသာ အစီအစဥ်၊ မိုးလေဝသ သတင်းနဲ့ နောက်ဆုံးရ သတင်းများကို ဆက်လက်တင်ပြ ပေးသွားမှာ ဖြစ်ပါတယ်။
KT-FM ကရင်နီဘာသာအစီအစဉ်ကို မနက် ၇း၀၀ မှ ၈းဝဝ ထိ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းမှာ FM ရေဒီယိုလိုင်း 108 mhz ထုတ်လွှင့်ပေးနေပါတယ်။