ဒီကနေ့ ထုတ်လွင့်မယ့် သတင်းအကြောင်းအရာတွေကတော့
– လူထုတွေ စစ်ဘေးတိမ်းရှောင်ကြတဲ့ တနေ့တည်းမှာ ဒီးမော့ဆိုအနောက်ခြမ်းကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေပစ်ခတ်
– စစ်ကောင်စီ စစ်ကြောင်းကြောင့် စပါးခင်းတွေ မရင့်မှည့်သေးပေမယ့် တောင်သူတွေ ရိတ်သိမ်းနေရ
– ဒီးမော့ဆိုကို ဦးတည်လာတဲ့ စစ်ကောင်စီစစ်ကြောင်း လူထုနေအိမ်မီးရှို့ဖျက်စီးမှုတွေ လုပ်နေဟုဆို
– စစ်ကောင်စီက ဒီးမော့ဆိုကို ဦးတည်စစ်ကြောင်းထိုးပြီး လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ပစ်ခတ်တာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရ ဆိုတဲ့ သတင်းတွေနဲ့ “ကြောက်ခေတ်ကိုမမှုဘဲ အိပ်မက်ကို ပုံဖော်ထုဆစ်ကြတဲ့ ၁၃ နှစ်အရွက် သူငယ်ချင်းနှစ်ဦး “ ဆိုတဲ့ဆောင်းပါးနဲ့အတူ ကယန်း ဘာသာ နှင့် ကယောဘာသာ အစီအစဥ်နဲ့ နောက်ဆုံးရ သတင်းများကို ဆက်လက်တင်ပြ ပေးသွားမှာ ဖြစ်ပါတယ်။
KT-FM ကရင်နီဘာသာအစီအစဉ်ကို မနက် ၇း၀၀ မှ ၈းဝဝ ထိ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းမှာ FM ရေဒီယိုလိုင်း 108 mhz ထုတ်လွှင့်ပေးနေပါတယ်။