KT-FM ကရင်နီဘာသာ အစီအစဉ် ဇူလိုင်လ (၃၁) ရက်၊ ၂၀၂၅ ခုနှစ် (ကြာသပတေးနေ့)
ဒီကနေ့ ထုတ်လွင့်မယ့် သတင်းအကြောင်းအရာတွေကတော့
– မော်ချီးဒေသမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုမှုဖြစ်ပွားကာ အမျိုးသမီးတစ်ဦး သေဆုံးပြီး နေအိမ်ထိခိုက်ပျက်စီးမှုရှိခဲ့
– နန်းမယ်ခုံမြို့ပေါ်က ဒေသခံတွေ နဲ့ ဖယ်ခုံအရှေ့ဘက်ကမ်းက ဒေသခံတွေ အပါအဝင် စစ်ရှောင်ဦးရေ တစ်သောင်းတစ်ထောင်ဝန်းကျင်ကို ဘေးလွတ်ရာကို ရွေ့ပြောင်းထား
– ဆီဆိုင်မြို့နယ်အတွင်းက စစ်ရှောင်လူထုတွေဟာ စားနပ်ရိက္ခာနဲ့ အမိုးအကာတွေ လိုအပ်နေကြဆဲ
– တောင်ကျချောင်းရေကြီး ပြီး မြေပြိုတာကြောင့် ပေါ်ဝေါ်မြို့နယ် ကွာခီးကျေးရွာ မှာ ဒေသခံတွေ သိုလှောင်ထားတဲ့စပါးနဲ့ စိုက်ပျိုးထားတဲ့ ဖာလာခြံများပျက်စီး
– တောင်ကျချောင်းရေကြီးလာတာကြောင့် မယ်ဆယ်နန် ချောင်းကူး တံတားမျောပါပျက်စီး ဆိုတဲ့ သတင်းတွေနဲ့ မိုးရာသီနှင့် မြေမြှုပ်မိုင်းအန္တရာယ် ဆောင်းပါးနဲ့အတူ မိုးလေဝသ၊ ကုန်စျေးနှုန်း သတင်းနဲ့ ယင်းတလဲ ဘာသာနှင့် ကယား ဘာသာ အစီအစဥ်နဲ့ နောက်ဆုံးရ သတင်းများကို ဆက်လက်တင်ပြ ပေးသွားမှာ ဖြစ်ပါတယ်။
KT-FM ကရင်နီဘာသာအစီအစဉ်ကို မနက် ၇း၀၀ မှ ၈းဝဝ ထိ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းမှာ FM ရေဒီယိုလိုင်း 108 mhz ထုတ်လွှင့်ပေးနေပါတယ်။