KT-FM ကရင်နီဘာသာ အစီအစဉ် ဇွန်လ (၁၆) ရက်၊ ၂၀၂၅ ခုနှစ် (တနင်္လာနေ့)
ဒီကနေ့ ထုတ်လွင့်မယ့် သတင်းအကြောင်းအရာတွေကတော့
– စစ်ကောင်စီတပ်နဲ့ PNO ထိုးစစ်ကြောင့် ဖယ်ခုံအရှေ့ဘက်ရှိ စာသင်ကျောင်းတချို့ ပိတ်ထားရ
– စစ်ကောင်စီရဲ့ ထိုးစစ်ကြောင့် ဖယ်ခုံအရှေ့ဘက်ကမ်းက နယ်မြေတချို့ လက်လွတ်ရပြီး ကျေးရွာ (၁၅) ရွာဝန်းကျင် ထွက်ပြေးတိမ်းရှောင်နေရ
– လွိုင်ကော်မြို့မှာ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ စစ်ကောင်စီ ကြိုးပမ်းနေ၊ နည်းပြဆရာဖြစ်သင်တန်းကို ပြုလုပ် ဆိုတဲ့သတင်းနဲ့အတူ “ မြေစာပင် ဘဝကနေ ရုန်းထွက်ဖို့ ကြိုးစားနေတဲ့ သုံးတန်းကျောင်းသားလေး ခူးဌေးရယ်” ဆိုတဲ့ ဆောင်းပါးနဲ့အတူ ကယန်းဘာသာ နှင့် ကယောဘာသာ အစီအစဥ်နဲ့ နောက်ဆုံးရ သတင်းများကို ဆက်လက်တင်ပြ ပေးသွားမှာ ဖြစ်ပါတယ်။
KT-FM ကရင်နီဘာသာအစီအစဉ်ကို မနက် ၇း၀၀ မှ ၈းဝဝ ထိ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းမှာ FM ရေဒီယိုလိုင်း 108 mhz ထုတ်လွှင့်ပေးနေပါတယ်။