KT-FM ကရင်နီဘာသာ အစီအစဉ် မတ်လ ( ၁၆) ရက်၊ ၂၀၂၅ ခုနှစ် (တနင်္ဂနွေနေ့)
ဒီကနေ့ ထုတ်လွင့်မယ့် သတင်းအကြောင်းအရာတွေကတော့
– တပ်ရင်း ၈၀၂ ပျဥ်းမနားစစ်ကြောင်းမှူး ကို ကယန်းပြည်သစ်တပ်မတော် သတ်ဖြတ်ခဲ့ကြောင်း နေပြည်တော် တိုင်းစစ်ဌာနပြော
– မယ်စဲ့ စစ်ရှောင်စခန်းတစ်ခုမှာ အိမ်ခြေ ၁ ရာဝန်းကျင် ဆန်ပြတ်လပ်မှုနဲ့ ကြုံတွေ့
– မိုးဗြဲတိုက်ပွဲမှာ တစ်ရက်အတွင်း စစ်ကောင်စီ အနည်းဆုံး ၁၅ ဦးသေဆုံးပြီး လက်နက်ခဲယမ်း သိမ်းဆည်းရမိ ဆိုတဲ့သတင်းနဲ့ “ မတရားမှုက မွေးထုတ်ပေးခဲ့တဲ့ မတရားမှုကို တော်လှန်သူ “ရဲဘော်အောင်ငဲ” ဆိုတဲ့ ဆောင်းပါးနဲ့ အတူ “အမိုးလုံဖို့ ဖက်ရွက်ကောက်ကြတဲ့ ဒုက္ခသည်စခန်းက အမျိုးသမီးတွေ…” ဆိုတဲ့အမျိုးသမီးကဏ္ဍနဲ့အတူ ကယန်းဘာသာအစီစဉ်၊ ကရင်နီ သီချင်းကောင်းလေးများ၊ နောက်ဆုံးရသတင်းများကိုပါ ဆက်လက်တင်ပြပေးသွားမှာဖြစ်ပါတယ်။
KT-FM ကရင်နီဘာသာအစီအစဉ်ကို မနက် ၇း၀၀ မှ ၈းဝဝ ထိ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းမှာ FM ရေဒီယိုလိုင်း 108 mhz ထုတ်လွှင့်ပေးနေပါတယ်။