KT-FM ကရင်နီဘာသာ အစီအစဉ် သြဂုတ်လ (၁) ရက်၊ ၂၀၂၅ ခုနှစ် (သောကြာနေ့)
ဒီကနေ့ ထုတ်လွင့်မယ့် သတင်းအကြောင်းအရာတွေကတော့
– ဒီးမော့ဆိုက စစ်ရှောင်တခုမှာ ၁၀ ရက်သား အမွှာနှစ်ဦး သေဆုံး
– ဒီးမော့ဆိုအရှေ့ဘက်ခြမ်းက ကျေးရွာတချို့မှာ နွားတွေ အရေပြား အကျိတ်ဖု ရောဂါ ဖြစ်ပွားပြီး သေဆုံးမှု ရှိနေ
– သံလွင်မြစ်ရေ မြင့်တက်လာတာကြောင့် စစ်ရှောင်နဲ့ ဒေသခံတွေ စိုက်ပျိုးထားတဲ့ သီနှံခင်းများ ရေနစ်မြှုပ်ပျက်စီး
– မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြေအက်ကွဲမှုတွေဖြစ်ပြီး ခရီးသွားလာဖို့အပြင် တချို့နေအိမ်အတွက် စိုးရိမ်ရဟုဆို ဆိုတဲ့ သတင်းတွေနဲ့ “စစ်မီးထဲကနေ ကရင်နီကို ခိုလှုံလာရသူများ ” ဆောင်းပါးနဲ့အတူ ကယန်းဘာသာ နှင့် ကယောဘာသာ အစီအစဥ်၊ မိုးလေဝသ သတင်းနဲ့ နောက်ဆုံးရ သတင်းများကို ဆက်လက်တင်ပြ ပေးသွားမှာ ဖြစ်ပါတယ်။
KT-FM ကရင်နီဘာသာအစီအစဉ်ကို မနက် ၇း၀၀ မှ ၈းဝဝ ထိ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းမှာ FM ရေဒီယိုလိုင်း 108 mhz ထုတ်လွှင့်ပေးနေပါတယ်။