KT-FM ကရင်နီဘာသာ အစီအစဉ် သြဂုတ်လ (၂၀) ရက်၊ ၂၀၂၅ ခုနှစ် (ဗုဒ္ဓဟူးနေ့)
ဒီကနေ့ ထုတ်လွင့်မယ့် သတင်းအကြောင်းအရာတွေကတော့
– မော်ချီးကို စစ်ကော်မရှင်တပ် ထပ်မံဗုံးကြဲ၊ အမျိုးသား ၃ ဦး ထိခိုက်ဒဏ်ရာရ
– မော်ချီးဗုံးကြဲခံရမှုအတွင်း သေဆုံးသူ ၃၂ဦး ရှိပြီး အပိုင်းအစဖြစ်သွားတဲ့ အမည်မသိ ရုပ်အလောင်းများလည်း ပါဝင်
– ဖယ်ခုံမြို့တွင်း ပြန်လာနေထိုင်ဖို့ လူထုတွေကို စစ်မကော်ရှင်က ဖိတ်ခေါ်နေပြီး ရွေးကောက်ပွဲအတွက် ပြင်ဆင်တာဖြစ်နိုင်တယ်လို့ ဒေသခံတွေပြော
– ဘောလခဲ တိုက်ပွဲအတွင်း ကျဆုံးသွားတဲ့ ဖရူဆို PDF တပ်ဖွဲ့ဝင် ပီတယ် (ခ) ဘိုနို ရဲ့ စျာပန ပြုလုပ်
– ဘီလူးချောင်းအရှေ့ဖက်ကမ်းရှိ ပြည်သူတွေကို ၃ ရက်အတွင်း အန္တရာယ်ကင်းမယ့်နေရာကို အပြီး ရွေ့ပြောင်းကြဖို့ KNDF တပ်ရင်းတွေ အသိပေးလာ ဆိုတဲ့သတင်းတွေနဲ့ နှမ်းစိုက်တဲ့ စစ်ရှောင်တောင်သူတွေရဲ့ မရေရာတဲ့ မျှော်လင့်ချက် ဆိုတဲ့ဆောင်းပါးနဲ့အတူ မိုးလေဝသသတင်း၊ ကယန်း ဘာသာ နှင့် ကယော ဘာသာ အစီအစဥ်နဲ့ နောက်ဆုံးရ သတင်းများကို ဆက်လက်တင်ပြပေးသွားမှာ ဖြစ်ပါတယ်။
KT-FM ကရင်နီဘာသာအစီအစဉ်ကို မနက် ၇း၀၀ မှ ၈းဝဝ ထိ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းမှာ FM ရေဒီယိုလိုင်း 108 mhz ထုတ်လွှင့်ပေးနေပါတယ်။