KT-FM ကရင်နီဘာသာ အစီအစဉ် သြဂုတ်လ (၂၈) ရက်၊ ၂၀၂၅ ခုနှစ်(ကြာသပတေးနေ့)
ဒီကနေ့ ထုတ်လွင့်မယ့် သတင်းအကြောင်းအရာတွေကတော့
– ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်က ကယန်းသာယာကျေးရွာမှာ ဆယ်စုနှစ်အတွင်း အကြီးမားဆုံးရေကြီးမှုနဲ့ကြုံ
– ကယန်း အမျိုးသားတက္ကသိုလ်၊ ပညာရေးမဟာ ဌာန မှ ဒုတိယအကြိမ် ပညာရေးဒီပလိုမာသင်တန်း ခေါ်ယူ
– ထိုင်းအစိုးရက မြန်မာနယ်စပ်ဒုက္ခသည်တွေကို စက်မှုလုပ်ငန်းအပါအဝင် အလုပ်ရှစ်မျိုး တရားဝင်ခွင့်ပြုမည်
– စစ်ကော်မရှင်တပ်ရဲ့ အဆက်မပြတ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် လူမှုကူညီရေး ကားတစ်စီး ထိမှန်ပျက်စီး ဆိုတဲ့သတင်းတွေနဲ့ အိပ်မက်အတွက် အိမ်ကို စွန့်ခွာခဲ့သူ (သို့) ခူးဘိုလော ဆိုတဲ့ဆောင်းပါးနဲ့အတူ မိုးလေဝသသတင်း၊ ကုန်စျေးနှုန်းသတင်း၊ ယင်းတလဲဘာသာ နှင့် ကယားဘာသာ အစီအစဥ်နဲ့ နောက်ဆုံးရ သတင်းများကို ဆက်လက်တင်ပြပေးသွားမှာ ဖြစ်ပါတယ်။
KT-FM ကရင်နီဘာသာအစီအစဉ်ကို မနက် ၇း၀၀ မှ ၈းဝဝ ထိ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းမှာ FM ရေဒီယိုလိုင်း 108 mhz ထုတ်လွှင့်ပေးနေပါတယ်။