spot_imgspot_imgspot_imgspot_img
Thursday, May 1, 2025
spot_imgspot_imgspot_imgspot_img

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ ဧပြီလ (၂၉) ရက်၊ (အင်္ဂါနေ့)

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ ဧပြီလ (၂၉) ရက်၊ (အင်္ဂါနေ့)
ဒီကနေ့ နားဆင်ရမှာကတော့
–  ဒီးမော့ဆိုမြို့နယ်မှာ မိုးသည်းထန်စွာရွာသွန်းပြီးနောက် နေအိမ်ပေါ် ကျောက်တုံးလှိမ့်ကျကာ အမျိုးသားတစ်ဦး ထိခိုက်သေဆုံး
– မိုးဗြဲမှာ စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦး ထိမှန်သေဆုံး
–  မိုးဗြဲမှာ တိုက်ပွဲပြင်းထန်နေပြီး နှစ်ဖက် ထိခိုက်မှုရှိ၊ စစ်ကောင်စီက တပ်သားအင်အား၃၀၀ ဝန်းကျင် နဲ့ စစ်ကြောင်းထိုးနေ
– ဧပြီလ ၂၉ ရက်နေ့နဲ့ ၃၀ ရက်နေ့မှာ ကရင်နီပြည်အတွင်း မိုးရေချိန် ၁ လက်မကနေ ၁.၂ လက်မအထိ မိုးရွာသွန်းနိုင်
စတဲ့သတင်းတွေနဲ့ မိုးလေဝတွေကို  ကြားကြရမှာပါ။ အဲဒီနောက်မှာတော့ အပတ်စဉ်တင်ဆက်ပေးတဲ့ လူငယ်အစီအစဉ်ကနေပြီး “တတိယနိုင်ငံကို ရောက်နေတဲ့ ကရင်နီလူငယ် ခူဟန်မြင့်ထွန်း”  နဲ့ တွေ့ဆုံမေးမြန်း ထားတာကို နားဆင်ကြရမှာပါရှင်….။

KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ညနေ ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ   FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ  FM ရေဒီယိုလိုင်း 108 mhz ၊ မယ်စဲမြို့နယ်မှာ 95.9 mhz  ထုတ်လွှင့်ပေးနေပါတယ်။

spot_img
spot_img