KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ ဇွန်လ (၁၃) ရက်၊ (သောကြာနေ့)
ဒီနေ့မှာတော့
– ဆီဆိုင်မြို့ပေါ်မှာ လိုင်စင်မဲ့ယာဉ်တွေ အဖမ်းအဆီး ရှိနေတာကြောင့် စေခိုင်းရွေ့ပြောင်းခံရတဲ့ ဒေသခံတွေ အခက်တွေ့နေရပါတယ်။
– ဖယ်ခုံအရှေ့ဖက်ကမ်းက စစ်ရှောင်လူထုတွေအတွက် ရေရှည်ခိုလှုံနိုင်မယ့် နေရာလိုအပ်နေပါတယ်။
– ရွာလုံးကျွတ် တိမ်းရှောင်ရတဲ့ ကိုကွေကျေးရွာရဲ့ စာသင်ကျောင်းဆောင်အသစ်ဆောက်လုပ်နေပြီး အကူအညီလိုအပ်နေပါတယ်။
– ဒီးမော့ဆိုအရှေ့ခြမ်းက ကိုယ်ထူကိုယ်ထ စစ်ရှောင်စာသင်ကျောင်းမှာ ကျောင်းသုံးသင်ထောက်ကူပစ္စည်းတွေ လိုအပ်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
ဒီသတင်းတွေအပါအဝင် မိုးလေဝသ ကြိုတင်ခန့်မှန်းချက်တွေနဲ့ “လူထုစာလွှာ အစီအစဉ်”ကို နားဆင်ကြရမှာပါ။ အဲဒီနောက်မှာတော့ “တန်ဖိုးမဖြတ်နိုင်တဲ့ ပြည်သူပေးတဲ့ ထမင်းထုပ်” ဆိုတဲ့ ဆောင်းပါး၊ “မယ်စဲ့မြို့နယ်မှာ ရောင်းချပေးနေတဲ့ ကုန်ဈေးနှုန်းသတင်း”ကိုလည်း တင်ဆက်ပေးသွားပါမယ်ရှင့်……
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ညနေ ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ FM ရေဒီယိုလိုင်း 108 mhz ၊ မယ်စဲမြို့နယ်မှာ 95.9 mhz ထုတ်လွှင့်ပေးနေပါတယ်။